ရွှေထည် လက်ဝတ်လက်စားတွေ တင်သွင်းမှုကို အိန္ဒိယနိုင်ငံက အခွန်တိုးမြှင့်သတ်မှတ်

India Gold Imports copy အိန္ဒိယနိုင်ငံက ရွှေထည်လက်ဝတ်လက်စားတွေ တင်သွင်းမှုအပေါ်အခွန် ပေးဆောင်ရမှုကို စက်တင်ဘာလလယ်မှာ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ကမ္ဘာမှာ ရွှေဝယ်ယူမှုအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက ရွှေတုံးရွှေခဲ တင်ပို့မှုအခွန်ကိုတော့ ၁၀ ရာခိုင်နှုန်းမှာပဲ ဆက်လက်ထားရှိပါတယ်။ ဒါဟာ ဈေးနှုန်းသက်သာတာကို ဝယ်ယူလိုကြတဲ့ ရွှေဝယ်သူတွေကို ပြည်တွင်းမှာထုတ်တဲ့ ရွှေအတုံးအခဲကိုပဲ ဝယ်ယူအောင် တွန်းအားပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရွှေထည်တင်သွင်းမှုမှာ လက်ဝတ်လက်စားတွေက အနည်းအကျဉ်းသာ ရှိပါတယ်။ ဈေနှုန်းသက်သာတဲ့ ရွှေထည်လက်ဝတ်လက်စားတွေကို ထိုင်း၊ မလေးရှားတို့လို အခြားနိုင်ငံတွေက တင်သွင်းလာတဲ့အတွက် ပြည်တွင်းရွှေလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ အခုလိုအခွန်တိုးမြှင့်လိုက်တော့ ပြည်တွင်းရွှေလုပ် ငန်းတွေကိုလည်း ကာကွယ်ပေးနိုင်ဖွယ်ရှိပါတယ်။ အောက်တိုဘာလဆိုရင် ပျော်ပွဲရွှင်ပွဲတွေနဲ့ လက်ထပ်မင်္ဂလာပွဲရာသီအတွက် ရွှေတွေအလုအယက် ဝယ်ယူကြတော့ မှာ ဖြစ်ပါတယ်။ ဒီချိန်မတိုင်ခင် ယခုလို အခွန်တိုးမြှင့်လိုက်တာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍအတွက်လည်း အထောက်အကူပေးနိုင်ပါလိမ့်မယ်လို့ All India Gems and Jewellery Trade Federation မှ Haresh Soni  က ပြောပါတယ်။ Ref: Reuters