၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ GDP ၅ .၅ ရာခိုင်နှုန်းတိုးလာမယ်လို့ ADB ခန့်မှန်း

article landscape wartermark final3 စက်မှုလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ၅.၅ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank- ADB ) က ခန့်မှန်းထားပါတယ်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေရဲ့ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိန္ဒိယရဲ့စီးပွားရေးဟာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာတော့ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ADB က ထပ်တိုးခန့်မှန်းထားပါတယ်။ ၅.၅ ရာခိုင်နှုန်းဆိုတာဟာ မနှစ်က ခန့်မှန်းချက် ဖြစ်တဲ့ ၅.၇ ရာခိုင်နှုန်းထက် အနည်းငယ်လျေ့နည်းပါတယ်။ စက်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို အဟန့်အတားဖြစ်စေတဲ့ ဖွဲ့စည်း တည်ဆောက်ပုံစနစ်ဆိုင်ရာ ဟန့်တားပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကိုျးသက်ရောက်မှု ရှိနိုင်တယ်လို့ ADB က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး ပြန်ပြီးနာလန်ထူ လာဖို့ကတော့ အချိန်ယူရဦးမှာဖြစ်တယ်လို့ ADB က သတိပေးထားပါတယ်။

          Ref: Times of India