မြို့ပြက Customer တွေနဲ့ ကုန်လှောင်ရုံကြီးကြီးတွေမှာ မဝယ်ယူချင်တဲ့သူတွေကို ပိုမိုရောင်းချနိုင် ဖို့ Ikea ဟာ ယင်းရဲ့ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ ကမ္ဘာအနှံ့က လုပ်သားအင်အား ၅ ရာခိုင်နှုန်းကို လျှော့ချပြီးစတိုးဆိုင်အသေးလေ တွေနဲ့ Online Shopping တွေဘက်ကို ပိုပြီးပြောင်းလဲသွားမယ်လို့ Ikea စတိုးအများစုကို ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ Ingka Group က ပြောကြားခဲ့ပါတယ်။ ဝန်ထမ်းဦးရေ၇,၅၀ဝ ကို ကုမ္ပဏီက လျှော့ချတော့မှာဖြစ်ပါတယ်။ လျှော့ချသွားမယ့်အလုပ်တွေက စီမံရေးရာနဲ့ ထောက်ပံ့ရေးပိုင်းဆိုင်ရာတွေက ဖြစ်ပါတယ်။ အလုပ်အကိုင် ၇၅ ခုအောက်ကို အမေရိကန်မှာဖယ်ရှားသွားမယ်လို့ Ikea က ပြောကြားခဲ့ပါ တယ်။ အဲဒီလိုဖယ်ရှားထားတဲ့ အလုပ်တွေထက်ပိုများတဲ့ အလုပ်အကိုင်နေရာတွေကို ဖွင့်ပေးဖို့ Ikea ကစီစဉ်ထားပါတယ်။ ပြန်လည်ဖွဲ့စည်းမှုမှာ ကမ္ဘာအနှံ့ကမြို့ကြီးတွေမှာ စတိုးဆိုင်အသေးလေးတွေကို ဆိုင်အသစ်သုံးဆယ်ထိတိုးချဲ့သွားပြီး အလုပ်အကိုင်အသစ် ၁၁,၅၀ဝ ကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ Ingka က Inkea စတိုးဆိုင်ပေါင်း ၃၆၇ ဆိုင်နဲ့ Ikea ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာလုပ်သား ၂၀၈,ဝဝဝ ထဲက ၁၆၀,ဝဝဝ ဝန်ထမ်းဦးရေရှိ ပါတယ်။ မကြာသေးခင်က Ikea ဟာ ယင်းရဲ့ပထမဆုံးစတိုးဆိုင်ကို အိန္ဒိယမှာဖွင့်လှစ်ခဲ့ပြီး နောက်ထပ် ၂၅ ဆိုင် အဲဒီမှာထပ်ဖွင့်ဖို့ စီစဉ်ထားပါတယ်။