International Finance Corporation က City Mart Holding Co Ltd ကို တရားဝင်ရင်းနှီးမြှုပ်နှံခြင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က Novotal Yangon Max မှာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အဖွဲ့ဝင် IFC က မြန်မာနိုင်ငံရဲ့ အကြီးဆုံးလက်လီအရောင်းကုမ္ပဏီဖြစ်တဲ့ CMHL ကို လုပ်ငန်းတိုးချဲ့စီမံကိန်းတွေအတွက် အထောက်အကူဖြစ်စေဖို့၊ နိုင်ငံရဲ့လက်လီဈေးကွက် တိုးတက်စေဖို့နဲ့ လက်လီလုပ်ငန်းနဲ့ ချိတ်ဆက်လျက်ရှိတဲ့လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၅ သန်းကို ပံ့ပိုးပေးခဲ့ပါတယ်။ IFC ရဲ့ ချေးငွေဟာ CMHL အတွက် နောက်သုံးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း Supermarket နဲ့ Hypermarket ပေါင်း ၂၀ တည်ဆောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကျွန်မတို့ရဲ့ စီးပွားရေးစီမံချက်တွေနဲ့ မြန်မာနိုင်ငံလက်လီအလားအလာအပေါ် ယုံကြည်မှုရှိကြောင်း ပြသတဲ့သင်္ကေတတစ်ခုဖြစ်တယ်လို့ CMHL ရဲ့ Managing Director ဒေါ်ဝင်းဝင်းတင့်က ပြောပါတယ်။ IFC ဟာ နောင်တစ်နှစ်ခွဲအတွင်းမှာ တခြားအဖွဲ့အစည်း ဆယ်ခုလောက်အထိ ထပ်မံရင်းနှီးမြှုပ်နှံသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။