Hughes JUPITER System အား မြန်မာနိုင်ငံ၏ တနိုင်ငံလုံးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေး အဖွဲ့အစည်းသစ်အဖြစ် KBZ မှရွေးချယ်

KBZ+HUGHES1

KBZ+HUGHES2

KBZ ကုမ္ပဏီလုပ်ငန်းစု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်ဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက်မှာ JUPITER™ System အား မြန်မာနိုင်ငံအတွင်းရှိ ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်အား ပိုမိုများပြားကျယ်ပြန့်စွာ အသုံးပြုနိုင်စေရေးအတွက် ရွေးချယ်လိုက်ကြောင်းသိရသည်။

Hughes Network Systems ခေါ် LLC (Hughes) သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ယက်အဖြေရှာဖွေခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဖြစ်ပြီး ၎င်းတို့မှ ဤစနစ်အား အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်ဆောက်လုပ်အကောင်အထည်ဖော်နေဆဲဖြစ်သော စီမံကိန်းတွင်၊ JUPITER မြေပြင်စခန်းမှ gateways တွေနဲ့ ထိန်းချုပ်သွားမှာဖြစ်ပြီး အဝေးထိန်းမော်နီတာစနစ်ဖြင့် Ku- (minus) နှင့် C-(minus) ပတ်လမ်းရှိ  ဂြိုလ်တုဆက်သွယ်ရေးတွေနဲ့ ချိတ်ဆက်ကာ လုပ်ငန်းစုများ၊ ဝယ်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများအားသို့ ဆက်သွယ်ချိတ်ဆက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

KBZ Gatewayကုမ္ပဏီလီမိတက်၏ CEO ဖြစ်သူ Stephane Lamoureux က ဒါဟာဝန်ဆောင်မှုအသစ်တစ်ခုကို ချပြမိတ်ဆက်ပေးလိုက်ရုံပဲ မဟုတ်ပါဘူး။ မြန်မာ့တယ်လီဖုန်း ဆက်သွယ်ရေးနယ်ပယ်မှာ ပိုမိုအောင်မြင်ပြီးကျယ်ပြန့်တဲ့ အမြန်နှုန်းမြင့်လိုင်းချိတ်ဆက်မှုနှင့် ပင်မဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေရရှိခံစားရစေဖို့ရည်ရွယ်ထားပါတယ်။ အခုဆိုရင် ဒီ JUPITER System ကနေကျွန်တော်တို့ကို ထိရောက်တဲ့ဖြေရှင်းနည်းတွေကိုပေးမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကနေ ချိတ်ဆက်နိုင်မယ့် အရည်အသွေးမြင့်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေက တစ်ဆင့် လုံးဝပြတ်တောက်မှုမရှိတဲ့ ဆက်သွယ်ရေးစနစ်ကို မကြာမီမှာပေးစွမ်းနိုင်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိမှာတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဈေးကွက်ကို ပိုမိုအရေးပါလာအောင် တွန်းအားပေးနေပြီး KBZ Gateaway ဟာလည်း ဒီလုပ်ဆောင်မှုမှာ ရှေတန်းက ဦးဆောင်လျက်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ JUPITER System နဲ့ အကောင်းဆုံးဂြိုဟ်တုချိတ်ဆက်ရေး ဝန်ဆောင်မှုတွေကို ယနေ့ထုတ်လွှတ်ပေးနိုင်တော့မှာဖြစ်ပြီး၊ စီမံကိန်းတွေကိုလည်း ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်ကြတော့မှာဖြစ်ပါတယ်။ ဒါအပြင် ပိုမိုကျယ်ပြန့်တဲ့ဆက်သွယ်ရေးကိရိယာတွေကိုလည်း လိုင်းအားမြင့်ဂြိုဟ်တုကနေတဆင့် ရယူအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတကာရုံးခွဲတွေကို တာဝန်ယူစီမံခန့်ခွဲနေသည့် Hughes ၏ ဥက္ကဌဖြစ်သူ Ramesh Ramaswamy  မှပြောကြားခဲ့သည်။