HR ရဲ့အသုံးဝင်မှုကို အဓိကပြောပြချင်ပါတယ်။ ဥပမာ- HR ရဲ့အသုံးဝင်မှုက ကုမ္ပဏီရဲ့စီးပွ ားကို တိုက်ရိုက်သက်ရောက်မှု ရှိနေတယ်။ ကုမ္ပဏီရဲ့ စီးပွားရေးဗျူဟာတွေပေါ်မှာလည်း သက်ရောက်မှုရှိတယ်ဆိုရင် သူ့ရဲ့အရေးပါမှု၊ သူ့ရဲ့စွမ်းဆောင်နိုင်မှုက ဝန်ထမ်းအသစ်တွေ ခန့်မယ်၊ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုလုပ်မယ်၊ ဝန်ထမ်းတွေကို စည်းကမ်းသတ်မှတ်ပေးတာတွေထက် ပိုလာပါတယ်။ ပြီးတော့ ကုမ္ပဏီတွေရဲ့ Strategy က နောက်ပိုင်းမှာ HR Next Generation ဆိုတာက အင်မတန်အရေးကြီးလာပါတယ်။
HR မှာ Traditional HR နဲ့ HR Next Generation ဆိုပြီး နှစ်မျိုးရှိတာကို တွေ့ရပါတယ်။ Traditional HR မှာဆိုရင် Admin HR ၊ Finance HR နဲ့ Operational HR ဆိုတာတွေ ပါလာပါတယ်။ ဥပမာ- Admin HR ဆိုရင် သူက ဝန်ထမ်းတွေ ခွင့်တိုင်တာ၊ ပျက်ကွက်တာ၊ မီးဖွားတာတွေကနေစပြီး ဝန်ထမ်းတွေရဲ့ ကောင်းမှုဆိုးမှုစတာတွေ အားလုံးကိုကိုင်တွယ်စီမံရတယ်။ အဲဒီလိုပဲ Finance HR နဲ့ Operation HR တို့ဟာလည်း သူတို့ကဏ္ဍနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ အားဖြည့်ပြီး ဆောင်ရွက်ပေးကြရပါတယ်။
အခုနောက်ပိုင်းမှာ HR ရဲ့ Function က Outside In ဖြစ်ဖို့ အရေးကြီးလာပါတယ်။ အရင်က HR ရဲ့ Function က Inside Out ဖြစ်ခဲ့ပါတယ်။ အရင်က HR ကနေ ဝန်ထမ်းတွေကို ကူညီပေးခဲ့ရပေမဲ့ အခုကျတော့ ဘယ်လိုဝန်ထမ်းတွေကိုခန့်ရမလဲ၊ ဘယ်သူတွေက ရွေးချယ်ပေးတဲ့ ဝန်ထမ်းတွေကို ခန့်ရမလဲဆိုတာတွေကိုပါ ပြုလုပ်လာရပါတယ်။ HR Senior Professional တစ်ယောက်ကို HR ရဲ့ Practice တွေ Arbitrand တွေက ဘာတွေလဲလို့ မေးမယ်ဆိုရင် သူကဝန်ထမ်းတွေ ဘယ်လောက်ငှားရတယ်၊ ဘယ်လောက်ခက်ခဲတယ်၊ ဘယ်လောက်လွယ်ကူတယ်၊ နောက်တစ်ခါ Training တွေ ဘယ်လောက်ပေးရတယ်၊ သူတို့အတွက်ကို ဘယ်လောက်ထိ Incentive တွေ Compasation တွေ ပေးရတယ်ဆိုပြီးတော့ ပြောမှာဖြစ်ပါတယ်။ နောက်တစ်ခါ HR တွေဟာ Data တွေ စုရတယ်။ Analysis တွေလုပ်ရတယ်ဆိုတာတွေကို အဓိကပြောသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ Outside In Format ထဲကို ဝင်လာနေပြီဖြစ်တဲ့အတွက် ကုမ္ပဏီမှာ HR ကို ဘယ်လိုအသုံးပြုပြီးထားလဲဆိုတာက သိပ်ကိုအရေးကြီးလာပါတယ်။ HR ရဲ့ Allocating Time လို့ ခေါ်ပါတယ်။ သူက အပြင်ကနေ အထဲကိုလာတဲ့ Feedback တွေ၊ ကိုယ့် Customer တွေရဲ့ Expectation တွေကို အဓိကထားလာပါတယ်။ ဥပမာ- Customer တွေက သူတို့အပေါ်မှာ ကုမ္ပဏီက လုပ်ဆောင်ပေးစေချင်တဲ့၊ ကိုယ့်ဝန်ထမ်းတွေက လုပ်ဆောင်ပေးစေချင်တဲ့ Expectation တွေ ဖြစ်ပါတယ်။ Customer တွေရဲ့ Expectation တွေက အပြင်ကနေအထဲကို သက်ရောက်တာဖြစ်တဲ့အတွက် HR က ဝန်ထမ်းခန့်အပ်တဲ့အခါမှာ Customer Focus ဖြစ်တဲ့ ဝန်ထမ်းကို ခန့်အပ်တာက ပိုပြီးသင့်တော်လာပါတယ်။ အရင်ကဆိုရင် ကုမ္ပဏီတွေဟာ ကိုယ့်ရဲ့ကုမ္ပဏီမှာ လာရောက်လုပ်ကိုင်ဖို့အတွက်ကို ဝန်ထမ်းတွေက ရွေးချယ်တာမျိုးကို လိုချင်တယ်ဆိုတဲ့ Concept မျိုး ရှိခဲ့ကြပေမဲ့ အခုလို The New Maxin ဖြစ်လာတဲ့အခါမှာတော့ Customer က ရွေးတဲ့ Employee ၊ Customer က ရွေးတဲ့ ကုမ္ပဏီဖြစ်ချင်လာတယ်။ HR ကနေ ဝန်ထမ်းကို ရွေးချယ်ခန့်တာ မဟုတ်တော့ဘဲ Customer က ရွေးလိုက်တဲ့၊ Customer ရဲ့ Expectation ကို နားလည်တဲ့ဝန်ထမ်းကို ရွေးတဲ့ HR ဌာနဖြစ်သင့်လာပါတယ်။
ဦးမျိုးသန်း (Director of Talent Development, Ooredoo Myanmar)