ဒီလိုမျိုးကုမ္ပဏီတစ်ခုမှာ ဘယ်နှ နှစ်နေပြီးရင် ထွက်ဆိုပြီးတော့ Formula ရယ်လို့ မရှိပါဘူး။ ဒါက ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ဆို ကျွန်တော့် Career လမ်းကြောင်းပေါ်မှာ ကုမ္ပဏီတစ်ခုမှာ ငါးနှစ်၊ ခုနှစ်စသဖြင့် လုပ်ဖူးပါတယ်။ ဆက်လုပ်ချင်လည်း ရပါတယ်။ အဲဒီမှာ အခွင့်အလမ်းပေါ်လာရင် . . .
အခွင့်အလမ်းဆိုရာမှာလည်း ရာထူးနောက်ကို လိုက်မှာလား၊ ငွေကြေးနောက်ကို လိုက်မှာလားဆိုပြီး နှစ်ခုရှိပါတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လူတွေက အပြောင်းအလဲရှိပါတယ်။ ပြောင်းတာကောင်းလား၊ မကောင်းဘူးလားဆိုတာကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ အလုပ်မှာတော့ တစ်သမတ်တည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့ ၁၉၈၀၊ ၉၀ လောက်က အလုပ်စလုပ်တဲ့လူတွေရဲ့ Trend ကို ပြောတာဖြစ်ပါတယ်။ အဲဒီကတည်းက ကျွန်တော်နဲ့အတူ Air Line မှာ လုပ်ခဲ့တဲ့လူတွေလည်း အခုအချိန်ထိ လုပ်နေဆဲလူတွေ ရှိပါတယ်။ သူတို့တွေလည်း သူ့ဟာနဲ့သူ ထိပ်ကိုရောက်သွားတာကို တွေ့ရပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားမှုတွေနဲ့ ထိပ်ဆုံးကို ရောက်သွားပါတယ်။ အဲဒီမှာ Loyalty ကို သွားတွေ့ရပါတယ်။ အောင်မြင်မှုကိုလည်း တွေ့ရပါတယ်။ ကျန်တဲ့လူတွေကလည်း သူ့ပုံစံနဲ့သူသွားနေကြတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်လောက်ဝန်းကျင်မှာ ကျွန်တော်တို့လုပ်ခဲ့တဲ့ Survey အရ Latest Trend ကို ကျွန်တော်ပြောရင် ခြောက်လလောက်နေရင်ကို တော်လှပြီလို့ ပြောလို့ရပါတယ်။ ဒါက အခုလက်ရှိ Trend ပါ။ လူတွေ Career Change လုပ်တဲ့နေရာမှာ တအားမြန်လာတာကို တွေ့ရပါတယ်။ Dynamic ဖြစ်တဲ့အခါကျတော့ ကိုယ်ကပြောင်းတဲ့အခါမှာ ရှေ့တန်းမှာနေမှာလား၊ ခေါင်းဆောင်တဲ့နေရာမှာ နေမှာလားဆိုတာကို ရွေးရပါမယ်၊ ဒါကအသက်ပေါ် မူမတည်ပါဘူး။ အခုဆို ခြောက်လလောက်နဲ့ ပြောင်းတဲ့လူတွေလည်း အမေရိကန်လို နိုင်ငံတွေမှာတောင် များနေတာကို တွေ့ရပါတယ်။ အလုပ်ကထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်တဲ့ လူတွေကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့်ပြောရရင် အလုပ်မှာဘယ်လောက်နေရမယ်ဆိုတဲ့ Formula က မရှိတော့ဘူးလို့ ပြောလို့ရပါတယ်၊ ရှိတယ်လို့လည်း ပြောလို့ရပါတယ်။ သတ်သတ်မှတ်မှတ်ပြောလို့တော့ မရတော့ပါဘူး။
ဦးမျိုးသန်း Head of Learning and Development, PUMA Energy Myanmar