How Will you Measure Your Life
by Clayton Christensen
စာရေးသူဟာ Harvard Business School (တက္ကသိုလ်) က ပါမောက္ခတစ်ဦးဖြစ်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆန်းသစ်တီထွင်ရေးဆိုင်ရာအပိုင်းမှာလည်း အဆင့်မြင့်ပါရဂူတစ်ဦးဖြစ်တယ်။ အခုတင်ပြတဲ့ ၂၀၁၂ ခုနှစ်ထုတ် စာအုပ်ဟာ တခြားပညာရှင်နှစ်ဦးနဲ့ ပူးတွဲရေးသားထားတာ ဖြစ်တယ်။ သူရေးသားပြီးခဲ့သမျှ စာအုပ်တွေနဲ့မတူဘဲ တစ်မူထူးခြားတယ်။ သူ့ရဲ့ပုဂ္ဂလိကအတွေ့အကြုံတွေ အများဆုံးပါဝင်တယ်။ သုတေသနကရတဲ့ အချက်အလက်တွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကရတဲ့ အချက်အလက်ကို အခြေခံပြီး တကယ့်အောင်မြင်မှုဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို ဆန်းစစ်ထားတယ်။ အစွမ်းအစရှိကြသူ တချို့ကြီးပွားတိုးတက်ကြပြီး တချို့ကတော့ စိတ်ပျက်လက်မှိုင်ချသွားကြရတာဟာ ဘာ့ကြောင့်လဲ။ ဒါတွေကို စာအုပ်ထဲမှာ သုံးသပ်ထားတယ်။