How to Win Friends and Influence People
by Dale Carnegie
ဒီစာအုပ်ရဲ့ စာအုပ်အဖုံးကိုမြင်ရုံနဲ့ သင့်ကိုအောင်မြင်စေဖို့ လမ်းပြနိုင်တဲ့ စာအုပ်တစ်အုပ်အဖြစ် ဆွဲဆောင်စေမှာပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ သင်နဲ့လူတွေကြားက ပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုထိန်းညှိရမလဲဆိုတာကို သင်ကြားပေးမယ့် အကြံဉာဏ်တွေနဲ့အတူ လူတွေကို သင်မလှည့်စားဘဲ သူတို့ကိုယ်တိုင်က သင့်ကိုသဘောကျလာအောင်လုပ်နိုင်မယ့် နည်းလမ်းခြောက်ခုကို ရေးသားထားပါတယ်။ ဒီစာအုပ်ကနေ လူတွေကို သင့်ဘက်ပါလာစေဖို့လည်း သင်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးပြီဆိုရင်တော့ Leil Lowndes ရေးသားထားတဲ့ How to Talk to Anyone: 92 Little Tricks for Big Success in Relationships စာအုပ်ကို ညွှန်းချင်ပါတယ်။