အလုပ်ထဲမှာ အမှားလုပ်မိတာရှိရင် ဘယ်လို recover ပြန်လုပ်ရမလဲ။

http://www.dreamstime.com/-image17310016 အလုပ်ထဲမှာ အမှားလုပ်မိတာရှိရင် ဘယ်လိုပုံစံနဲ့ Recover ပြန်လုပ်ရမလဲ။ ဘယ်လိုပုံစံနဲ့ Admit လုပ်ရမလဲ။   `အမှား´ဆိုတဲ့နေရာမှာ အခြေခံအားဖြင့် နှစ်မျိုးရှိတယ်ကွဲ့။ တစ်မျိုးက မှားမှာကိုမသိလို့ မှားသွားတာမျိုးပေါ့။ တစ်နည်းအားဖြင့် `စေတနာအမှား´လို့ လူ့အသိုင်းအဝိုင်းကဆိုကြတယ်။ နောက်တစ်မျိုးက တကယ်ကို ရည်ရွယ်ချက်ရှိရှိ (Intentionally) မှားမှန်းသိပါရက်နဲ့ ကိုယ့်အကျိုးအတွက် မှားလိုက်တဲ့အမှားမျိုးပေါ့။ ဒီတော့ recover လုပ်တဲ့အခါမှာ ပထမအမှားမျိုးကို အများက လက်ခံကြပေမယ့် ဒုတိယအမှားမျိုးကို တော့ လူ့အသိုင်းအဝိုင်းက လက်မခံကြဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက အမှားနှစ်မျိုးစလုံးအတွက်တော့ ပြန်လည်ကုစားတဲ့လုပ်ဆောင်မှု (Remedial Action) ရှိပါတယ်။ ကိုယ်ကျူးလွန်ခဲ့တဲ့အမှားပုံစံနဲ့ ကျူးလွန်ခဲ့တဲ့အတိမ်အနက်၊ တန်ဖိုး အကြီးအသေး၊ အနု အရင့်တို့အပေါ်မူတည်ပြီး မှားရတဲ့အကြောင်းရင်းကို ရှင်းပြရင်း recover လုပ်ရမှာပဲ။ ပုံသေနည်းတော့မရှိဘူး။ လက်ခံ၊ မခံကတော့ ခံရသူ၊ ဒါမှမဟုတ် နစ်နာသူ၊ ဒါမှမဟုတ် ပတ်သက်သူရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်။ ဘယ်လိုပုံစံနဲ့ Admit လုပ်ရမယ်ဆိုတာကိုတော့ True Story တစ်ခုကို အတိုချုပ်ပြောပြမယ်။ တစ်ခါတုန်းက Tennis Court တစ်ခုမှာ အကြိတ်အနယ် ယှဉ်ပြိုင်နေတုန်း၊ ကိုယ့် Partner ရဲ့ အမှားကြောင့်ရှုံးသွားတာကို ဒေါသလည်းထွက်၊ ရှက်ရမ်းရမ်းပြီး ရိုက်ချိုးလိုက်လို့ ကျိုးသွားတဲ့ Tennis Racket အချွန်နဲ့ ကိုယ့် partner ကို အသေထိုးသတ်ဖို့။ ရှေ့ကို တက်သွားတဲ့အချိန်မှာ သူအော်လိုက်တာက `Ke Ye ရေ၊ This is my fault´ ဆိုတော့ မထိုးသတ်ဖြစ်လိုက်ဘူး။ စက္ကန့်ပိုင်းလေးအဖြစ်အပျက်ပါ။ ဒီတော့ အမှားကို သတ္တိရှိရှိ၊ အချိန်မီ (အချိန်မီ) ဝန်ခံလိုက်စမ်းပါ။ ပြောတတ်ပါတယ်။ တစ်ခုတော့ရှိတယ်နော်။ `ဘုန်းကြီးကို ထိပ်ခေါက်ပြီးမှ ကန်တော့တာမျိုးတော့ မရဘူးနော်။ စာကြွင်း။         ။ Ko Ye ဆိုသူမှာ စာရေးသူဖြစ်ပါသည်။ (ယင်းအဖြစ်ကို ပြန်လည်တွေးမိတိုင်း ကြက်သီးထမိဆဲပါ)

 ရဲမြင့် (စွန့်ဦးတီထွင်)