အပူချိန်လွန်ပြီးမီးလောင်တာ၊ ပေါက်ကွဲထွက်တာတွေ ဖြစ်တတ်တဲ့အတွက် Self-balancing Scooters လို့ ခေါ်ကြတဲ့ Hoverboards တွေစီးခြင်းကို နေရာအတော်များများမှာ ပိတ်ပင်လိုက်ပါပြီ။ Delta (DAL) ၊ United (UAL) နဲ့ American (American Air) လေကြောင်းလိုင်းတွေက Hoverboards တွေကို လေယာဉ်ပေါ် သယ်ယူခွင့်မပြုကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဗြိတိန်အာဏာပိုင်တွေနဲ့ နယူးယော့ခ်ရဲတပ်ဖွဲ့ကလည်း လူထုပရိသတ်ကြား Hoverboards စီးခြင်းကို တရားမဝင်ကြောင်း သတ်မှတ်လိုက်ပါတယ်။