ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ တန်ဖိုးနည်း အဝတ်အစားဖက်ရှင်ဈေးကွက်မှာပြိုင် ဘက်ကုမ္ပဏီတွေရဲ့ အွန်လိုင်းရောင်း အားကို လိုက်မီဖို့အတွက် ရင်းနှီးမြှုပ် နှံ မှုတွေပြုလုပ်ခဲ့တဲ့ ကမ္ဘာ့နံပါတ်နှစ် ဖက်ရှင် လက်လီအရောင်းလုပ်ငန်းHennes & Mauritz AB ရဲ့ ပထမသုံး လပတ် အမြတ်ပမာဏဟာ မျှော်မှန်း ခဲ့တဲ့အတိုင်းမရ ခဲ့ဘူးလို့ ဆိုပါ တယ်။ အင်အား ကြီး ပြိုင်ဘက် ကုမ္ပဏီ Inditex SA ကတော့ H&M ဆန့် ကျင်ဘက် ရလဒ် အနေနဲ့ အင်တာ နက်ကနေ ရောင်း အား မြန်မြန် ဆန်ဆန် မြင့်တက်လာမှု ကြောင့် ခိုင်မာတဲ့ အမြတ်ပမာဏကို ရရှိခဲ့တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာဆုံးတဲ့ ပထမသုံး လပတ်အတွက် အခွန် မဆောင်မီအမြတ် ပမာဏ အမေရိကန်ဒေါ်လာ ၅၄၂ သန်းအထိ မြင့်တက်ခဲ့တယ်လို့ H&M က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သုံး လပတ်အရောင်း ၁၂ ရာခိုင်နှုန်းပဲမြင့် တက်ခဲ့တာကို စိစစ်လေ့လာသူတွေက စိတ်ပျက်ခဲ့ကြပါတယ်။ ဖက်ရှင် ဈေး ကွက်ဟာ ဥရောပရဲ့ စီးပွားရေးအကျပ် အတည်းကနေ ရုန်းထွက်ဖို့ကြိုးစား နေရတာကြောင့် မက်ခရိုစီးပွားရေး အခြေအနေရဲ့ ရိုက်ခတ်မှုကိုကြုံတွေ့နေ ရဆဲဖြစ်တယ်လို့H&M ရဲ့ အမှု ဆောင်အရာရှိချုပ်Kark-Johan Per- sson က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ စတိုးဆိုင်ပေါင်း ၃,၂၀၀ နီးပါးရှိတဲ့ H&M ဟာ ဈေးကွက်အသစ်တွေအဖြစ် သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ ကို ဒီနှစ်အတွက် ပစ်မှတ်ထားနေပြီး စပိန်၊ အီတလီနဲ့ တရုတ်နိုင်ငံတို့မှာ အွန်လိုင်းဝန်ဆောင်မှုတွေကို မိတ်ဆက် တိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။
Ref: Reuters