Hitachi Soe Electric & Machinery (HISEM) ကုမ္ပဏီလီမိတက်ဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်မြို့ရှိ ဆူးလေ Shangri-La ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီကုမ္ပဏီဟာ Hitachi Industrial Equipment Systems (HIES) ကုမ္ပဏီလီမိတက်နဲ့ Soe Electric & Machinery (SEM) ကုမ္ပဏီလီမိတက်တို့ ထရန်စဖော်မာဖြန့်ချိရေး လုပ်ငန်းဆောင်ရွက်ဖို့ အကျိုးတူပူးပေါင်းဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။ HIES နဲ့ SEM ကုမ္ပဏီတို့ဟာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်ကတည်းက ထရန်စဖော်မာဖြန့်ချိရေးဖက်စပ်ကုမ္ပဏီ ထူထောင်ဖို့အတွက် တရားဝင် Joint Venture စာချုပ်ချုပ်ဆိုခဲ့ပြီး Hitachi SEM ကုမ္ပဏီရဲ့ Operation လုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကတည်းက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Hitachi SEM ကုမ္ပဏီဟာ ထရန်စဖော်မာဖြန့်ဖြူးရေးနဲ့ ဆက်စပ်လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး အစုရှယ်ယာအနေနဲ့ ဟီတာချီအုပ်စုက ၅၁ ရာခိုင်နှုန်းနဲ့ စိုးလျှပ်စစ်က ၄၉ ရာခိုင်နှုန်းပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၅ သန်းရှိတယ်တယ်လို့ Hitachi SEM ကုမ္ပဏီရဲ့ Vice Chairman ဦးကျော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။