Hitachi ကုမ္ပဏီနဲ့ Soe Electric & Machinery ကုမ္ပဏီတို့ရဲ့ အကျိုးတူ Transformer လုပ်ငန်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးပွဲ

  hitachi3   Hitachi Industrial Equipment Systems Co Ltd (HIES) နဲ့ Soe Electric & Machinery Co Ltd (SEM) တို့ ရဲ့ Transformer ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းအတွက် အကျိုးတူဖက်စပ်ကုမ္ပဏီတည်ထောင်ဖို့ သဘောတူလက် မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်က ရန်ကုန်မြို့၊ Sedona ဟိုတယ်မှာ ကျင်းပခဲ့ပါ တယ်။ ဖက်စပ်ကုမ္ပဏီကို Hitachi Soe Electric & Machinery Co Ltd (Hitachi SEM) ဟု သတ်မှတ်သွားမှာ ဖြစ်ပြီး လျှပ်စစ်ဖြန့်ဝေရေးမှာ အရေးပါတဲ့ Transformer နဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ ရောင်းချ မှု၊ တပ်ဆင်မှုနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအားလုံးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ နောက်ဆုံးထား ပြီး စီးပွားရေးလုပ်ငန်းတွေ စတင်လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Hitachi SEM ဟာ SEM ရဲ့ ပြည်တွင်းစီးပွားရေးကျွမ်းကျင်မှုအင်အားနဲ့ HIES ရဲ့ နောက်ဆုံးပေါ် Transformer ဒီဇိုင်းနဲ့ ထုတ်လုပ်မှု နည်းပညာတို့ကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအား ပြည့်မီရေးကို လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း ASEAN နိုင်ငံတွေအထိ တင်ပို့ရောင်းချသွားနိုင်ဖို့လည်း ဦး တည်ထားတယ်လို့ သိရပါတယ်။ HIES နဲ့ SEM ကုမ္ပဏီတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက Amorphous Transformer ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးပြီး အောင်မြင်မှုများလည်း ရှိခဲ့တယ်လို့ HIES ကုမ္ပဏီရဲ့ ဥက္ကဌ Mr Aoki က ပြောကြားခဲ့ပါတယ်။ hitachi1   hitachi2