အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ (Hindustan Motors) ဟာ သူ့ရဲ့ကိုယ်ထည်ကြီးမားတဲ့ Ambassador လို့ ခေါ်တဲ့ ကားကို ဆက်လက်မထုတ်တော့ ဘူးလို့ သိရပါတယ်။ အခုအခါ ဒီကုမ္ပဏီဟာ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ဖွဲ့စည်း မှာဖြစ်ပြီး အကြွေးတွေလည်း ရှင်းသွား ဖို့ ဆောင်ရွက်နေတယ်။ Amby လို့ အတိုကောက်ခေါ်တဲ့ အဲဒီကားကို အမြန်ဆုံးပြန်ထုတ်လုပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောတယ်။ ဒီကားရဲ့ပုံသဏ္ဌာန်ဟာ နှစ် ၅၀ အတွင်း အပြောင်းအလဲ သိပ် မရှိခဲ့ဘူး။ ဝန်ကြီးချုပ်တွေ၊ အထက် တန်းလွှာတွေ စီးခဲ့ကြတဲ့ကားလည်း ဖြစ်တယ်။ ၁၉၄၈ ခုနှစ်ကစပြီး ထုတ် လုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့Morris Oxford III ရဲ့ ပုံစံကို ယူ ပြီး ထုတ်ခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်က ၂,၂၁၄ စင်းပဲ ရောင်းခဲ့ရ တယ်။
Ref: Ap