ပျံသန်းနိုင်တဲ့ အငှားယာဉ်တီထွင်ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာသန်းကိုးဆယ်ကို Tencent နဲ့ တခြားကုမ္ပဏီတွေကနေ Lilium ရရှိ

int9

Lilium က သူ့ရဲ့ခရီးသည်ငါးယောက်ဆန့် လျှပ်စစ်ဂျက်လေယာဉ်ကို နောက်ထပ်တီထွင်ဆန်းသစ်နိုင်ဖို့အတွက် လတ်တလောရရှိထားတဲ့ ရန်ပုံငွေတွေကို ထုတ်သုံးဖို့စီစဉ်ထားပါတယ်။

ဂျာမန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Lilium က ခရီးသည် ငါးဦးဆန့် အငှားလေယာဉ်ကို တီထွင်ချင်တဲ့အတွက် ဒုတိယအကြိမ်အနေနဲ့ အမေရိကန်ဒေါ်လာသန်းကိုးဆယ်ကို ထိပ်တန်းနည်းပညာကဏ္ဍ ရင်းနှီးမြုပ်နှံသူတွေကနေ ရရှိခဲ့ပြီး ရန်ပုံငွေအတောင့်တင်းအခိုင်မာဆုံး လျှပ်စစ်လေယာဉ်စီမံကိန်းတစ်ခု ဖြစ်လာပါတယ်။

Lilium ရဲ့ ရန်ပုံငွေအသစ်ကို တရုတ်အင်တာနက်ကုမ္ပဏီ Tencent Holdings Limited က ဦးဆောင်ပြီး ဥရောပအကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Liechtenstein-based LGT Group ၊ European Venture Firm Atomico ၊ Obvious Ventures တို့ ပါဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။

Drones တွေလိုမျိုး၊ လေယာဉ်တွေလိုမျိုး နှစ်ယောက်စီးလေယာဉ်နဲ့ အောင်မြင်စွာစမ်းသပ်မောင်းနှင်ပြီးတဲ့နောက်မှာ အလွယ်တကူ ဆင်းသက်ပျံသန်းနိုင်တဲ့ ငါးယောက်စီးအငှားလေယာဉ်ကို တီထွင်ခဲ့တဲ့အကြောင်းကို Lilium က ဧပြီလမှာ ပြောကြားခဲ့ပါတယ်။

Lilium တာဝန်ရှိသူရဲ့အဆိုအရ လျှပ်စစ်စွမ်းအင်သုံး လေကြောင်းပျံသန်းမှုနည်းစနစ်ကြောင့် ဂျက်လေယာဉ်က Drone တစ်စီးပျံသန်းမှုရဲ့ ငါးဆ၊ ခြောက်ဆထက်ပိုပြီး ပျံသန်းနိုင်ပါတယ်လို့ သိရပါတယ်။

JFK လေဆိပ်ကနေ Manhattan အထိ ၂၀ ကီလိုမီတာဝေးတဲ့ ခရီးကို ငါးမိနစ်ပဲ ကြာလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

ဝန်ထမ်းအသစ်တွေ ခန့်အပ်ခေါ်ယူဖို့အပြင် ငါးယောက်စီး လျှပ်စစ်ဂျက်လေယာဉ်ကို စနစ်တကျနဲ့ ပျံသန်းမောင်းနှင်နိုင်ဖို့အတွက် လိုအပ်တဲ့နည်းပညာတွေ ထပ်မံထည့်သွင်းရာမှာ လတ်တလောရရှိထားတဲ့ ရန်ပုံငွေကို Lilium က အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝန်ထမ်းအယောက် ၇၀ နဲ့ လည်ပတ်နေတာဖြစ်ပြီး လေကြောင်းအင်ဂျင်နီယာ၊ ရူပဗေဒပညာရှင်၊ ကွန်ပျူတာသိပ္ပံနဲ့ လျှပ်စစ်စွမ်းအင်ပညာရှင်တွေကို ထပ်မံခန့်အပ်သွားဖို့ ရှိပါတယ်လို့သိရပါတယ်။

Munich နည်းပညာတက္ကသိုလ်ဘွဲ့ရပညာရှင်လေးဦးက Lilium ကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဝန်းကျင်မှာ ငါးယောက်စီးလေယာဉ်ကို စမ်းသပ်မောင်းနှင်ပြီး ခေတ်တစ်ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြမယ့် အငှားလေယာဉ်ဝန်ဆောင်မှုကို ပေးချင်တာဖြစ်ပါတယ်။ တကယ်သာအလုပ်ဖြစ်ခဲ့ရင် Lilium က အလွယ်တကူ ပျံသန်းမောင်းနှင်နိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံးဂျက်လေယာဉ်ကို ပထမဆုံးတီထွင်တဲ့ ကုမ္ပဏီဖြစ်လာမှာပါ။

ဒီနည်းပညာနှစ်ခုကို ပေါင်းစပ်တီထွင်လိုက်တာက Lilium ကို တခြား Drone နဲ့ Helicopter ပုံစံတူ နည်းပညာသုံး အငှားလေယာဉ်ထုတ် ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Volocopter နဲ့ Airbus တွေထက် သာလွန်စေခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Airbus က ကိုယ်တိုင်ပျံသန်းမောင်းနှင်နိုင်တဲ့ ကားကို စမ်းသပ်ဖို့ရည်ရွယ်ထားပြီး ခရီးသည်အများအပြားကို မြို့ပတ်ခေါ်ဆောင်သွားနိုင်တဲ့ Helicopter စတိုင်ယာဉ်မျိုး စမ်းသပ်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

နှစ်ယောက်စီး လျှပ်စစ်စွမ်းအင်သုံး Helicopter ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ Heidelberg တောင်ပိုင်းအခြေစိုက်ကုမ္ပဏီ Volocopter GmbH ကတော့ ဂျာမနီနိုင်ငံရဲ့ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နောက်ပိုင်း၊ ဒူဘိုင်းမြို့မှာ Volocopter GmbH ရဲ့ အငှားလေယာဉ်စမ်းသပ်မောင်းနှင်မှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

Ref : Internet