Heaven Café

HeavenCafe1

မန္တလေးမြို့မှာ အစားအသောက် အေးအေးဆေးဆေးသုံးဆောင်ပြီး သက်သောင့်သက်သာထိုင်ရင်း မိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောနိုင်မယ့် နေရာလေးတစ်ခုအဖြစ် Heaven Café နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆိုင်ရဲ့မန်နေဂျာ ဦးကျော်ကျော်ဝင်းက အခုလိုပြောပြထားပါတယ်။

HeavenCafe4

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

ကျွန်တော်တို့ဆိုင်က ၆၆ လမ်း၊ ၃၇-၃၈ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် ၀၉-၉၇၁၄၄၄၅၀၅ နဲ့ Facebook@ Heaven Cafe, Mandalay တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

လုပ်ငန်းစတင်ဖြစ်ပုံ . . .

ကျွန်တော်တို့ဆိုင်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ဖွင့်တုန်းက ကျွန်တော်တို့ဆိုင်ရဲ့ အနေအထား၊ ဒီဇိုင်းနဲ့ Decoration ပိုင်းအရ လူသိများခဲ့ပြီး တစ်ရက်ကို ငါးသိန်းကျပ်နဲ့ အထက်ဖိုး ရောင်းရပါတယ်။

HeavenCafe3

ဆိုင်ဖွင့်ချိန်နဲ့ ပိတ်ချိန်တွေက . . .

ဆိုင်ကို မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ နေ့တိုင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

ရရှိနိုင်တဲ့ ဟင်းလျာတွေက . . .

ကျွန်တော်တို့ဆိုင်မှာ ဥရောပ၊ အီတလီ၊ ထိုင်းနဲ့ တရုတ်အစားအစာတွေ ရရှိနိုင်ပါတယ်။ Beverages ပိုင်းမှာဆိုလည်း Fresh Juice ၊ Cocktail Classic ၊ Frappē ၊ Smoothie စတဲ့ ကော်ဖီဆိုင်တွေမှာ ရှိသင့်တဲ့ Drink Menu တွေ အစုံရရှိနိုင်ပါတယ်။ ကျွန်တော်တို့ဆိုင်ရဲ့ Signature Dish တွေအဖြစ်နဲ့ Customer တွေရဲ့ Feedback ပြန်ရတာတွေကတော့ Pizza ၊ Pasta ၊ Beef Steak ၊ ငါးသံပရာပေါင်း၊ ဝက်ကုပ်သားကင်၊ ဝက်စတူး အစာသွတ်စတာတွေ ဖြစ်ပါတယ်။ ဒါတွေက Customer Feedback နဲ့ Facebook Page ပေါ်မှာ ပြန်အကြံပြုသွားတာတွေကို ပြောတာဖြစ်ပါတယ်။

တခြားဘယ်လိုဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားလဲ . . .

ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုပိုင်းအနေနဲ့ ဆိုင်မှာထိုင်စားတာအပြင် Catering ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးထားပါတယ်။

ဒါအပြင် နောက်ပိုင်းမှာ Delivery အနေနဲ့ Pizza ၊ Sandwich နဲ့ Burger တို့ကို ဝန်ဆောင်မှုပေးသွားဖို့ အစီအစဉ်တွေ ပြုလုပ်နေပါတယ်။ ဒါက ကျွန်တော်တို့ဆီမှာ Customer Demand ရှိထားပြီးသား ဖြစ်ပါတယ်။ ဒီအတွက်ကို ကျွန်တော်တို့ မန္တလေးဘယ်နေရာတွေထိ ပို့ပေးသွားမယ်၊ Promotion ဘာတွေ တွဲပေးသွားမယ်ဆိုတဲ့ အသေးစိတ်ကအစ စီစဉ်နေပါတယ်။

HeavenCafe2

ဆိုင်ရဲ့ထူးခြားချက် . . .

လောလောဆယ် ကျွန်တော်တို့ဆိုင်မှာ Kirin ဘီယာကို Promotion အနေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ ပုံမှန်  Kirin ဘီယာခွက်အသေး ၂၅၀ မီလီကို ၁,၅၀၀ ကျပ် ရောင်းဈေးကို Promotion အနေနဲ့ တစ်ထောင်ကျပ် သတ်မှတ်ပေးထားပြီး ခွက်အကြီးစီငါးရာမီလီကို ၂ç၅၀၀ကျပ် ရောင်းဈေးကို နှစ်ထောင်ကျပ်နဲ့ သတ်မှတ်ပေးထားပါတယ်။ စည်ဘီယာကတော့ Heniken နဲ့ Kirin နှစ်မျိုး ရှိပါတယ်။

ဈေးနှုန်းပိုင်း . . .

ဥရောပအစားအစာပိုင်းကို ခြောက်ထောင်ကျပ်နဲ့ ခုနစ်ထောင်ကျပ်ကြားမှာ Serve လုပ်ပေးနေပြီး အာရှအစားအစာပိုင်းမှာ ထမင်းနဲ့ဟင်းတွဲထားတာတွေကတော့ ၄,၅၀၀ ကျပ်နဲ့ ငါးထောင်ကျပ်ကြားမှာ Serve လုပ်ပေးနေပါတယ်။ မိသားစုလိုက် တွဲစားလို့ရတာတွေကတော့ ခုနစ်ထောင်ကျပ်နဲ့ ရှစ်ထောင်ကျပ်ကြား ရှိပါတယ်။

Decoration ပိုင်းနဲ့ပတ်သက်ပြီး ပြောချင်တာရှိရင် . . .

ကျွန်တော်တို့ဆိုင်ရှင်က အရင်ကအဆောက်အအုံတွေ ဆောက်ခဲ့ဖူးတဲ့အတွက် Decoration ပိုင်း ပုံတွေကို ကျွန်တော်တို့နဲ့အတူ ရွေးချယ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် မြင့်သွားတဲ့ပုံစံမျိုးကို ဆိုင်ရှင်ကကော၊ ကျွန်တော်တို့ကကော အားလုံးသဘောကျတာကြောင့် ဒီပုံစံမျိုးကို ရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဖြည့်စွက်ချင်တာရှိရင် . . .

ကျွန်တော်တို့က ဒီစားသောက်ဆိုင်လုပ်ငန်းကို အကျိုးအမြတ်တစ်ခုတည်းအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆိုင်မှာ စားသွားတဲ့ဧည့်သည်တွေ စားသောက်ရတာ အဆင်ပြေဖို့၊ ကိုယ့်ဆီမှာ ပေးရတဲ့ဈေးနဲ့ ရတဲ့ဝန်ဆောင်မှုတန်အောင် ဝန်ဆောင်မှုပေးနေပါတယ်။

ထက်ထက်