HATCH STICKER ပြတိုက်နှင့် ပူးပေါင်း၍ သမိုင်းဝင်ပြပွဲတစ်ခုကို Viber မှ ကျင်းပသွားမည်

pphoto1

“STICKY FINGERS” ဇာတ်ကောင်ဖန်တီးမှုပြိုင်ပွဲမှ ဆုရရှိသူအားကြေညာ

ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းတို့ကိုအခမဲ့ဝန်ဆောင်မှုများပေးလျှက်ရှိသော Viber သည် သူ၏ Sticky Fingers တီထွင်ဖန်တီးမှုဆိုင်ရာဂုဏ်ပြုအခမ်းအနားတစ်ခုကို ကျင်းပရန် “Sticker History” ဟုခေါ်သော ပြပွဲအသစ်တစ်ခုကို Hatch Sticker ပြတိုက်နှင့် ပူးပေါင်းကျင်းပသွားရန် စီစဉ်လျှက်ရှိသည်။ အဆိုပါ Sticky Fingers တီထွင်ဖန်တီးမှုတွင် တစ်ကမ္ဘာလုံးမှ အနုပညာအရည်အသွေးရှိသူများ၊ illustrators များ၊ ဒီဇိုင်းနာများအား ဇာတ်ကောင်အသစ်တစ်ခုကို ဖန်တီးစေပြီး Viber၏ Sticker Marker တွင် ၎င်းတို့ဖန်တီးထားသည့် ဇာတ်ကောင်များကို ထည့်သွင်းအသုံးပြုရန် ဖိတ်ကြားခဲ့သည်။ တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၀၀ကျော်မှ ဝင်ရောက်ယှဉ်ပြိုင်သူ ထောင်ပေါင်းများစွာရှိခဲ့ပြီး ၎င်းတို့အထဲမှ စကာတင်ဖန်တီးရှင် ၁၀ဦးကိုရွေးချယ်ကာ နောက်ဆုံးဒိုင်လူကြီးများ၏ ရွေးချယ်မှုဖြင့် အနုပညာရှင် Stanislav Makarenko’s ကို ဆုရရှိသူအဖြစ် ရွေးချယ်ခဲ့သည်။ pphoto2 ဆုရရှိသူမှာ မော်စကိုတွင် ကျင်းပမည့် Hatch ပြပွဲ၏ တစ်စိတ်တစ်ဒေသဖြစ်သော sticker history တွင် ပါဝင်ပြသခွင့်ရရှိမည်ဖြစ်သည်။ Hatch သည် ထိုကဲ့သို့ အမျိုးအစားများကို ဦးစားပေးပြသသည့် ကမ္ဘာပေါ်တွင် ပထမဆုံးသောပြတိုက်ဖြစ်ပြီး စတစ်ကာယဉ်ကျေးမူကို အထူးနှစ်သက်သည့် Oliver Baudach မှ ဖန်တီးထားခြင်းဖြစ်သည်။ စတစ်ကာဇာတ်ကောင်များများ စုဆောင်းပြသမှုတွင် အထင်ကရ ဇာတ်ကောင်ဖြစ်သည့် OBEY စတစ်ကာဟု လူသိများသည့် စာရေးဆရာ Shapard Fairey ၏ ခေတ်မီလက်ရာနှင့် တေးဂီတ တို့ဖြင့် ဖန်တီးထားသည်။ အဆိုပါပြပွဲတွင် Viber ၏ နာမည်ကျော် စတစ်ကာများ၊ Sticky Finger ကိုဖန်တီးပြီးပေးပို့ထားသူများ၏ အကောင်းဆုံးလက်ရာမွန်များ၊ စမတ်ဖုန်းများတွင် sticker history အသစ် ပြုလုပ်ဖန်တီးခြင်းများ၊ တစ်ကမ္ဘာလုံးမှ သန်းပေါင်းများစွာသော လူများအတွက် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် တွင်ကျယ်စွာ အသုံးပြုကြသည့် ဇာတ်ကောင်များကိုလည်း ထည့်သွင်းပြသ သွားမည်ဖြစ်သည်။ pphoto3 စတစ်ကာများ၏ သမိုင်းကြောင်းသည် ရာစုနှစ်များစွာကတည်းက စတင်ထွန်းကားလာခြင်းဖြစ်သည်။ ၁၉၉၆ခုနှစ်တွင် သြဇာလွှမ်းမိုးမှုအရှိဆုံး ခေတ်သစ်အနုပညာရှင်တစ်ဦးဖြစ်သည့် Andy Warhol က Velvet Underground အတွက် ငှက်ပျောသီး စတစ်ကာကို ရေးဆွဲခဲ့သည်။ အဆိုပါ အထိမ်းအမှတ်ရုပ်ပုံက စတစ်ကာယဉ်ကျေးမှု၏ ဖွံဖြိုးတိုးတက်ရာအောင် ပြုလုပ်နိုင်ခဲ့သည်။ Hitch Sticker ပြတိုက်၏ အောင်မြင်မှုနောက်ကွယ်မှ အဓိကအရေးပါသူဖြစ်သည့် Oliver Baudach သည် စတစ်ကာများ၏ စွမ်းအားနှင့် လွှမ်းမိုးအောင်မြင်မှုကို သက်သေပြရန် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာတစ်ဝှမ်းမှ စတစ်ကာများကို လေ့လာစုဆောင်းနိုင်ခဲ့သူဖြစ်သည်။ ယခုအခါ Viber အနေနှင့် ၎င်း၏ Sticky Fingers စတစ်ကားလေးများဖြင့် စတစ်ကာမျိုးဆက်သစ်တစ်ခုကို တီထွင်ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါပြပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Red October စက်ရုံ၏ Mel Space စတူဒီယိုတွင် ကျင်းပသွားမည်ဖြစ်ပါသည်။