
တည်နေရာ
အမှတ်-၁၀၄၊B ၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေက တော့ ၀၁-၅၃၆၉၈၅၊ ၀၁-၇၀၅၆၂၀၊ ၀၉-၇၃၀၈၅၉၇၄၊ ၀၉-၅၁၀၆၈၈၃ တွေဖြစ်ပါတယ်။HAPPY မှာရှိတဲ့ Meeting Room တွေ
အခန်းတွေက အောက်ထပ်မှာဆိုရင် မြို့နာမည်လေးတွေ ဖြစ်တဲ့ မိုးကုတ်၊ ဗန်းမော်၊ လွိုင်လင်၊ ကျိုင်းတုံ၊ မြစ်ကြီး နား စတဲ့ အခန်းတွေရှိပါတယ်။ အပေါ်ထပ်မှာရှိတဲ့ ဗန်းမော်အခန်းကတော့ Long Table ပုံစံမျိုး အယောက် ၃၀ လောက်ထိဆံ့ပါတယ်။ လွိုင်လင်အခန်းကတော့ စိတ် လက်ပေါ့ပါးစွားပြောဆိုနိုင်ပြီး သဘာဝအတိုင်း အပြင်အခန်း ပုံစံမျိုးဖြစ်တာကြောင့် အဲယားကွန်းရှောင်ချင်သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ကျိုင်းတုံ၊ မြစ်ကြီးနားစတဲ့ အထူး အခန်းတွေကတော့ အယောက် ၃၀ လောက် ဆံ့ပါတယ်။ ကျန်တဲ့အခန်းတွေက ဆယ်ယောက်လောက်ဆံ့ပါတယ်။
Refreshment ဝန်ဆောင်မှုပိုင်း
Refreshment နဲ့ပတ်သက်ပြီး ကြိုတင်မှာယူမယ်ဆိုရင်လည်း စီစဉ်ပေးထားပါတယ်။ အယောက် ၅၀ ကျော်လောက်ဆို ရင်တော့ ဘူဖေးပုံစံ စီစဉ်ပေးပါတယ်။ အစားအသောက် မမှာဘဲ ခန်းမချည်းပဲ သီးသန့်ငှားလို့ ရပါတယ်။ ဆိုင်ရဲ့ Menu အတိုင်း မှာချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဆိုင်ဖွင့်ချိန် မနက် ၇ နာရီက နေ ည ၁၀ နာရီခွဲအထိ Meeting တွေ လုပ်နိုင်ပါတယ်။အခန်းခနှုန်းထား
အခန်းခနှုန်းထားတွေက တစ်နာရီကို အထူးခန်းဆိုရင် ကျပ်ခုနစ်ထောင်၊ ရိုးရိုးအခန်းတွေဆိုရင် ကျပ်ငါးထောင်၊ သုံးထောင်ဆိုပြီး ရှိပါတယ်။ ဖုန်းဆက်ပြီး ကြိုတင်ဘွတ်ကင် လုပ်ထားရင်တော Reserve လုပ်ပေးထားမှာ ဖြစ်ပါတယ်။
ထူးခြားချက်
HAPPY မှာ အဓိကရနိုင်တာကတော့ မတူညီတဲ့ဒေသတွေရဲ့ ခေါက်ဆွဲအမျိုးမျိုး ဖြစ်ပါတယ်။ Outdoor Meeting လုပ် ချင်တဲ့သူတွေအတွက် စိတ်လက်ပေါ့ပါးစေတဲ့အပြင် အစား အသောက်ကောင်းတွေပါ ရရှိနိုင်တဲ့ဆိုင်တစ်ဆိုင်ဆိုလည်း မမှားနိုင်ပါဘူး။
