Hachette Book Group ဟာ Preseus Book Group ရဲ့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။ Hachette ဟာ Amazon.com နဲ့ ညှိနှိုင်းဆွေးနွေး နေရတဲ့ခုလိုအချိန်မှာ အဲဒီလို ဝယ်ယူလိုက်ခြင်းဖြစ်ပါတယ်။ Amazon.com ဟာ ကုန်ပစ္စည်းမှာရင်လည်း ပို့တာနှေးပါ တယ်။ ဈေးလျော့တာလည်း နည်းပါတယ်။ ဒါ့အပြင် Hachette ရဲ့ စာအုပ်တွေကို အွန်လိုင်းကနေ ကြိုမှာနိုင်တဲ့ ခလုတ်တွေကိုလည်း ပိတ်ပစ်ထားတာဖြစ်တယ်။ Hachette ဟာ ခုလိုဝယ်ယူလုပ်ကိုင် လိုက်တဲ့အတွက် Amazon.com နဲ့ စကားပြောရာမှာ ခပ်တင်းတင်းပဲ ပြောဆိုသွားနိုင်မှာ ဖြစ်တယ်။ Amazon.com ဟာ လောလောဆယ်မှာ E-book အရောင်းကို နောက်ထပ်လျော့သွားပြီး စာချုပ် ချုပ်ဆိုရာမှာ လည်း စည်းကမ်းသတ်မှတ်ချက်တွေ အပြောင်းအလဲလုပ်သွား မယ်လို့ သိရပါတယ်။
Ref: AP