

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် (ယနေ့)မနက်က သီလဝါစီးပွားရေးအထူးဇုန် ဖွင့်လှစ်ပွဲကို သန်လျင်မြို့ရှိ အဆိုပါဇုန်တည်ရှိရာ သီလဝါမှာ ကျင်းပခဲ့ပါတယ်။ အစီအစဉ်ပထမပိုင်းအဖြစ် Administration Building မှာ ကျင်းခဲ့ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့အတူ သီလဝါအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက် သီလဝါအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ကြပါတယ်။ အစီအစဉ်ဒုတိယပိုင်းအဖြစ် သီလဝါအထူးစီးပွားရေးဇုန်ရဲ့ Main Gate မှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့အတူ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
