Grab ရဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရန်ပုံငွေမြင့်တင်ရာမှာ Toyota ပါဝင်ရင်းနှီးမြှုပ်နှံ

int2

Toyota Motor Crop ရဲ့ ကုန်သွယ်မှုက အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab ရဲ့ လက်ရှိငွေကြေးလည်ပတ်မှု မှာ နောက်ဆုံးပါဝင်အားဖြည့်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ တိုးမြင့်လာနိုင်ပါတယ်။ Toyota Motor (Toyota Tsusho Corp) က အကြီးမားဆုံးရှယ်ယာရှင်အနေနဲ့ Grab မှာ ငွေကြေးပမာဏအများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုက အရှေ့တောင်အာရှကုမ္ပဏီကြီးတွေအနေနဲ့ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တက်သစ်စ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံအခြေစိုက် Grab ရဲ့ ကားအစီးရေ ၁၀၀ စီးမှာ Toyota ရဲ့ Translog နည်းပညာကို ထည့်သွင်းတပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ကုမ္ပဏီတွေကို ကားမောင်းပုံမောင်းနည်းတွေ သိရှိစေမှာဖြစ်ပြီး ချိတ်ဆက်ထားတဲ့ ကားဝန်ဆောင်မှုနည်းပညာတွေကို ပိုမိုမြင့်တင်ပေးထားပါတယ်။

အငှားယာဉ်ဝန်ဆောင်မှုကဏ္ဍကို နည်းပညာနယ်ပယ်တွေကနေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မော်တော်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota ၊ Volkswagen နဲ့ General Motors တွေက ဒီအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံတာက ပုဂ္ဂလိကပိုင်စနစ်ကနေ ပြောင်းလဲလာတဲ့ မော်တော်ယာဉ်ဈေးကွက်ကို ထိန်းချုပ်ထားနိုင်ဖို့အတွက် ဖြစ်ပါတယ်။

Toyota က Uber နဲ့ လက်တွဲလုပ်ကိုင်နေပြီဖြစ်ပြီး ကားမောင်းသူတွေအတွက် သင့်တင့်မျှတတဲ့ ငွေပေးချေမှုနဲ့ ကားငှားရမ်းမောင်းခွင့်ပေးထားပါတယ်။ ဒါအပြင် သူတို့ဟာ တိုးတက်မှုရလဒ်တွေကို စစ်တမ်းအတူကောက်သွားဖို့ စီစဉ်ထားပါတယ်။ ဒီသဘောတူညီချက်မှာ Uber မှာ ထည့်ဝင်ရင်းနှီးထားတဲ့ Toyota ရဲ့ တရားဝင်မဖော်ပြထားတဲ့ ရင်းနှီးမြှုပ်နှံမှုပါဝင်ပါတယ်။

Ref: Economist