News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ဂရင်းများပေါ်သို့ ပိုရောက်စေရန် Jeff Johnson, PGA
Editorial
October 23, 2013
Golf
တီနှစ်ချောင်းကျင့်စဉ် ဂေါက်သီးအား မိမိရရရိုက်ထိမိခြင်း နောက်ကွယ်မှ လျို့ဝှက်ချက်က မည်သို့နည်း။ ဂေါက်သီးအား ဦးစွာထိမှုပါ။ မြက်အားမရိုက်မိခင် ဂေါက်သီးအား အရင်ထိခြင်းသည် သင်ဂေါက်ရိုက်ကောင်းသူတစ်ဦးဖြစ်လာစေရန် အဓိက အရေးပါလှသောအချက်ပါ။ ဂေါက်သီးအရင်ထိရန်အတွက် ဂေါက်သီးပါရန်မလိုသော လေ့ကျင့်မှုကောင်းတစ်ရပ်မှာ တီ နှစ်ချောင်းအားသုံးသည့် လေ့ကျင့်ခန်းဖြစ်ပါသည်။ ဂေါက် သီးရှိနေမည့်နေရာတွင် ရှေ့နောက် တီနှစ်ချောင်းစိုက်လိုက်ပြီး လွှဲရိုက်သည့်အခါတွင် ပစ်မှတ်ဘက်ရှိ တီအားရိုက်မိစေရန် အာရုံစိုက်ပါ။ အပေါ်ပုံများပါ ဖြစ်စဉ်များအားကြည့်ပါ။ သော့ချက် နှစ်ရပ်ရှိပါသည်။ ပထမသော့ချက်မှာ လက်များ အားကောင်းစွာဆန့်ထုတ်ခြင်းဖြစ်ပြီး ဒုတိယသော့ချက်မှာ ထိရိုက်ချိန်မှ ဆွင်းအပြီးသတ်ချိန်အထိ ခန္ဓာကိုယ်အား အ ပြည့်အဝလှည့်ထုတ်သွားခြင်း ဖြစ်ပါသည်။ ခြေထောက်နှစ်ဖက်ပူးကပ်ထားသော ကျင့်စဉ် သင့်၌လွန်ကဲသော ကိုယ်အပေါ်ပိုင်းလှည့်ထုတ်မှုရှိနေပြီး ယင်းအား ဖျောက်ချင်ပါက အကောင်းဆုံးနည်းလမ်း မှာ ခြေနှစ်ဖက်ပူး၍ အရိုက်လေ့ကျင့်သော ကျင့်စဉ်ဖြစ်ပါ သည်။ ရိုက်ချိန်၌ ဖြစ်ပေါ်တတ်သော ဟန်ချက်မကောင်း ခြင်းနှင့် ကိုယ်ခန္ဓာအနေအထားမမှန်ခြင်းတို့နောက်ဝယ် အများအားဖြင့် ရှိနေသောပြစ်ချက်မှာ ကိုယ်လုံးအပေါ်ပိုင်း လှည့်ထုတ်မှုလွန်ကဲခြင်းပါ၊ သင့်၌လည်း ထိုပြစ်ချက်ရှိမရှိ ကို စစ်ဆေးနိုင်ရန်မှာ ခြေနှစ်ဖက်ပူးကပ်ထားလျက် အစွမ်း ကုန်အလွတ်ဆွင်းလွှဲရိုက်ခြင်းအား အကြိမ်အနည်းငယ်လုပ် ကြည့်လိုက်ပါ။ သင်ဟန်ချက်မထိန်းနိုင်ဘဲ ဘေးဘယ်ညာသို့ ယိမ်းယိုင်သွားပါလျင် သင့်ကိုယ်လုံးအောက်ပိုင်း တောင့်ခံ ထားနိုင်သည်ထက်ပို၍ သင့်ကိုယ်လုံးအပေါ်ပိုင်းက လှည့် ထုတ်လှုပ်ရှားနေ၍ ဖြစ်ပါသည်။ ကုစားချက်က ဤသို့ပါ။ ဘက်ဆွင်းကို လျော့ချပေးရန်၊ သို့မဟုတ် ကိုယ်လုံးအလယ် ပိုင်းအလှည့်ကိုပိုများစေရန် ဖြစ်ပါသည်။ ဤနည်းဖြင့် သင့် လှုပ်ရှားမှုများ ပိုမိုတည်ငြိမ်လာပြီး တစ်ဖက်တွင်လည်း ဟန်ချက်ပိုကောင်းလာကာ ဂေါက်သီးရိုက်ချက်များ တစ်သ မတ်တည်း မှန်နေမှုကို ပိုမိုရရှိလာပါလိမ့်မည်။ သံတုတ်အရိုးတံများ ဂေါက်တုတ်အရိုးတံအကြောင်းဟု ဆိုကြပါလျင် ဒရိုင်ဘာ၏ အရိုးတံအကြောင်းကိုသာ အဓိကပြောဆိုလေ့ရှိ ကြပါသည်။ သို့သော် သံတုတ်များ၏ အရိုးတံစံချိန်စံညွှန်းများ အကြောင်းကိုလည်း သင်မမေ့သင့်ပါ။ သင်မသိလိုက်သည့် အချက်များကြောင့် သင့်ရိုက်ချက်များ ကောင်းသင့်သလောက် မကောင်းဘဲဖြစ်နေတတ်ပါသည်။ သိရှိရန်လိုအပ်သည်မှာ သင့်သံတုတ်အရိုးတံများသည် သင့်အတွက် မှန်ကန်သော အရှည်ရှိနေစေရမည့်အပြင် ကွေးညွှတ်စံနှုန်းတွင်လည်း သင့်ရိုက်အားအပြင် သင့်ဂေါက်သီးပျံသန်းမှုလမ်းကြောင်း ပုံစံနှင့်ပါ လိုက်ဖက်ရန် လိုအပ်ခြင်းကိုပါ။ ဥပမာအားဖြင့် သံတုတ်တိုများအား တိုတောင်း၍ မာန်ပါသောဆွင်းဖြင့် ရိုက်တတ်သူမျိုးဖြစ်ပါလျင် မာ သောအရိုးတံများအား သံတုတ် တိုများတွင် သုံးသင့်ပါသည်။သံ တုတ်ရှည်များအား သက်သက် သာသာ ရိုက်တတ်သူမျိုးဆိုပါ လျင် ပျော့သောအရိုးတံများကို သံတုတ်ရှည်များအတွက် သုံးရ ပါမည်။ ဂေါက်ဆက် တစ်ဆက် ရှိ ဂေါက်တုတ်တစ်ချောင်းစီအား သင်ကြိုက်နှစ်သက်သည့်ပုံစံ ဖန်တီးနိုင်နေပါပြီ။ ဂေါက်တုတ် ချိန်ညှိတပ်ဆင်ခြင်း ဝန်ဆောင်မှု ပေးသော ဆိုင်တစ်ဆိုင်သို့ သင် သွားကြည့်လိုက်ပါ။ ကျွနု်ပ်မည် သို့ဆိုလိုသည်ကို သင်တွေ့ရ ပါ လိမ့်မည်။
ခြေထုတ်လှမ်းမှုလေ့ကျင့်ခန်း ဂေါက်ဆွင်း၌ အခက်ဆုံး ကဏ္ဍမှာ ဘက်ခ်ဆွင်းမှ ဒေါင်း ဆွင်းသို့ မည်သို့ စတင်ပြောင်းလဲ ရမည်ကို နားလည်ရန်ဖြစ်ပါလိမ့် မည်။ အမှန်တကယ်တွင် တစ် ပေါင်းတည်းလုပ်ရမည့် အလုပ် သုံးခုရှိပါသည်။ ပထမတစ်ခုက ဘယ်ဘက်၊ သို့မဟုတ် ရိုက်မည့် ရှေ့ဘက်သို့ ကိုယ်အလေး ချိန်ပြောင်းရွှေ့ခြင်း၊ ဒုတိယတစ်ခုက ကိုယ်လုံးလှည့် ထုတ်ခြင်းနှင့် တတိယတစ်ခုမှာ လက်များနိမ့်ကျလာပြီး ဂေါက်သီးအား ဖြတ်သန်းလွှတ်ထုတ်ခြင်းတို့ ဖြစ်ကြသည်။ စာဖတ်ရခြင်းအရတော့ လွယ်မည်ထင်ရပါသည်။ သို့သော် ဤမျမလွယ်ပါ။ ဤသုံးရပ်၏ ရှေ့နောက်လုပ်ငန်းစဉ်အား နားလည်ရန်မှာ အခက်ဆုံးပါ။ ထိုလုပ်ငန်းသုံးရပ်လုပ်မည့် ကိုယ်လုံးအားလုပ် ငန်းစဉ် ကျင့်သားရရန်အတွက် ဤသို့လေ့ကျင့်ကြည့်ပါ။ ပထမဦးစွာ ရိုက်တော့မည့် ပုံမှန်ခြေချကွက်အတိုင်း ခြေနှစ် ဖက်ချဲ၍ ရပ်လိုက်ပါ။ ယင်းနောက် သင့်ဘယ်ခြေအား ညာခြေဆီ ပူးကပ်လိုက်ပါ။ ပြီးလျင်ဘက်ခ်ဆွင်းအားပုံမှန် အတိုင်း စဆွဲပါ။ ဘယ်ဆွင်းဆုံး၍ အပေါ်ဆုံးရောက်သည်နှင့် ဘယ်ခြေအားပြန်မကာ မူလကခြေချကွက်နေရာသို့ ပြန်ရွှေ့ လိုက်ပြီး ဒေါင်းဆွင်းစကာလွှဲရိုက်လိုက်ပါ။ ဤနည်းကြောင့် ကိုယ်လုံးပစ်မှတ်ဆီ လှည့်ထုတ်လိုသည့် ခံစားချက်နှင့် ဂေါက်သီးထံ လက်များဆင်းချလာသည့် ခံစားချက်များကို သင် ရရှိလာပါလိမ့်မည်။ ဤခြေထုတ်လှမ်းမှုလေ့ကျင့်ခန်းကြောင့် ကိုယ်အလေးချိန်ရွှေ့ပြောင်းမှုကောင်းလာကြောင်း သင်ခံစားရပါမည်။ ကျန်ရှိနေသော ဆွင်းအစိတ်အပိုင်းများမှာ သဘာဝအတိုင်း အစီအစဉ်တကျဖြစ်သွားပါလိမ့်မည်။
တီအရိုက်လေ့ကျင့်ခန်း ဂေါက်သီးဆီ တုတ်ခေါင်းအဝင်တွင် အဆင်းလမ်း ကြောင်း မည်မျဇောက်ဖြင့် ဆင်းချရပါမည်နည်း။ မြေပြင် အား မထိမီ ဂေါက်သီးအား ဦးစွာထိရမည်ကို သင် သိပြီး သားပါ။ သို့သော် မည်မျဇောက်နက်သောထောင့်ဖြင့် တုတ် ခေါင်းဝင်ရပါမည်နည်း။ မည်မျ ဇောက်နက်သော အဆင်းလမ်းကြောင်းရှိ ရမည်အား သိရှိရေးလေ့ကျင့်ခန်းတစ်ရပ်မှာ ညာဘက်ပုံပါ အတိုင်းဖြစ်ပါသည်။ အရိုက်တွင် ကျွနု်ပ်၏လက်များ ဂေါက်သီးရှေ့ဘက်သို့ ရောက်နေမှု၊ ကျွနု်ပ်၏ရှေ့တင်ပါးများ လှည့်နေမှုနှင့် ဦးခေါင်းအနည်းငယ်နောက်ကျန်နေမှုများ ကို လေ့လာပါ။ ရိုက်ထိစဉ်ရှိရမည့် အနေအထားအမှန်ပင် ဖြစ်ပါသည်။ သို့သော် ဤပုံစံကိုရရန်မှာ လေ့ကျင့်မှုလိုအပ် ပါသည်။ တီကလေးကိုပါ ဖြတ်ရိုက်သွားသော လေ့ကျင့် ခန်းဖြင့် စတင်ပါ။ တီတစ်ချောင်းအား ဂေါက်သီးရှေ့ကပ် လျက် ပစ်မှတ်ဘက်တွင် စိုက်သွင်းလိုက်ပါ။ တီကလေးမှာ ခေါင်းပေါ်ရုံ ကောင်းစွာနစ်ဝင်နေရပါမည်။ ယင်းနောက် ဂေါက်သီးအားရိုက်ထုတ်လိုက်ပါ။ သင်၏ ဒေါင်းဆွင်းသာ မှန်ကန်ပါလျင် ဂေါက်သီးအပြင် တီကိုပါရိုက်မိမည်ဖြစ်ပြီး တီကလေးသည် မြေပြင်မှ ခုန်ထွက်လာပါလိမ့်မည်။ ဂေါက်သီးအားထိပ်ထုခြင်း၊ သို့မဟုတ် အောက် နှိုက်ခြင်းများ ဖြစ်ပေါ်နေချိန်၌ ဤကျင့်စဉ်အား သင် လေ့ ကျင့်ပါ။ တဖြည်းဖြည်းနှင့် ဂေါက်သီးအား ပြတ်သားစွာ ရိုက်ထိတော့မည့်လမ်းကြောင်းပေါ်သို့ သင် ရောက်နေပါပြီ။ အချိန်အရွယ်နှင့် အရိုက်တို့မှာ တကယ်တွင် ပုံစံ ချင်းများစွာခြားနားပါသည်။ အရိုက်၌ ကိုယ်အလေးချိန်သည် ပစ်မှတ်ဘက်ဖြစ်သော ဘယ်ဘက်သို့ ရောက်နေပြီး ရှေ့ တင်ပါးများနှင့် ကိုယ်လုံးအောက်ပိုင်းတို့က ပွင့်နေကြကာ ဂေါက်တံက ရှေ့ဘက်သို့ ငိုက်လျက်ရှိနေသည်ကို ပုံတွင် တွေ့နိုင်ပါသည်။ ဘယ်ခြေပေါ်တွင် အားပါပါဖြင့် အဆုံးသတ်ပါ ဒရိုင်ဘာမဟုတ်သဖြင့် ဆွင်းအပြည့်လွှဲမထုတ် မိပါဟူသည့်အပြောက အပြီးသတ်မှု မပြည့်ဝသည့်အတွက် ပေးတတ်ကြသော အကြောင်းပြချက်တစ်ခုပါ။ ထိုအရာသည် လုံလောက်သောဆင်ခြေ မဟုတ်ပါ။ ကိုက်တစ်ရာအတွင်း ရိုက်သော ပစ်ချ်ရှော့တ်ဖြစ်စေ၊ သံ ကိုးရိုက်ရမည့်နေရာ၌ သံ ခုနစ်ဖြင့် အသာလေးရိုက်သော ရိုက်ချက်ဖြစ်စေ၊ ဘယ် ဘက်ခြေထောက်ပေါ်၌ ကိုယ်အလေးချိန်ရှိနေလျက် အပြီး သတ်ရပါမည်။ ယင်းသို့ မဖြစ်ပေါ်ပါက လှည့်ထုတ်မှုအပြည့် ကို မလုပ်မိခြင်းဖြစ်စေ၊ အရိုက်၌ ဂေါက်တုတ်အား စောစီး စွာလွှတ်ထုတ်မိခြင်းဖြစ်စေ လုပ်ဖြစ်ဖို့ များနေပါပြီ။ ရလဒ် ကတော့ သင်တို့ မကြာခဏ ကြုံဖူးသည့် ဆိုးရွားသော ရိုက်ချက်ပါ။ သင်လေ့ကျင့်သည့်အခါ သံတုတ်တိုရိုက်ချက် များဖြစ်စေ၊ သရီးကွာတဟု ခေါ်သည့် ဆွင်းလေးပုံသုံးပုံ ရိုက်ချက်များဖြစ်စေ ထိုးရိုက်သည့် ပန့်ချ်ရှော့တ်များဖြစ်စေ၊ ဘယ်ခြေပေါ်သို့ ကိုယ်အလေးချိန်ပြောင်းရွှေ့ပြီး အဆုံးသတ် ပေးပါ။ ပုံ၌ ကျွနု်ပ်သည် သံခြောက်အား အသားလေးလွှဲ ရိုက်နေခြင်းပါ။ ကျွနု်ပ်က ချဲ့ကား၍ ပြထားခြင်းမှာ ကိုယ် လုံးအပြည့်လှည့်ထုတ်နေပြီး ကိုယ်အလေးချိန်ကလည်း ဘယ်ခြေပေါ်သို့ မိမိရရကြီးရွှေ့ပြောင်းထားသည်ကို တွေ့ မြင်ကြစေရန်ဖြစ်ပါသည်။ ကမ္ဘာ့အကောင်းဆုံး ဂေါက်သီးသမားများက ဂေါက်သီးရိုက်ချက်တစ်ခုတွင် မည်သို့အပြီးသတ်မည်က လွဲ၍ မည်သည့်ကိုမျ မစဉ်းစားကြောင်း ပြောခဲ့ကြသည်များကို သင်တို့ကြားဖူးကောင်းကြားဖူးကြပါလိမ့်မည်။ ဤပုံစံ ကျန် ရန်စမ်းသပ်ကြည့်ပါ။ ဘယ်ခြေပေါ်တွင် ဆွင်းအပြီးသတ် မည်ဟူသော ခံယူချက်ဖြင့် ရိုက်သောရိုက်ချက်သည် ကျန် သည့်လှုပ်ရှားမှုများအား အစီအစဉ်တကျ အလိုအလျောက် ဖြစ်ပေါ်သွားစေကြောင်း သင် တွေ့လာရပါလိမ့်မည်။ ဝင်းမြင့်သိန်း
Facebook
Twitter
LinkedIn
RELATED POSTS
မာစတာစ်ပြီး မာစတာစ်၊ မေဂျာပွဲကြီး နှစ်ပွဲဆက်တိုက်
Posted On January 28, 2021, By CEO Editors
လှုပ်ရှားလာသော ဂေါက်သီးဇာတ်ခုံနှင့် ဖက်ဒိတ်စ်ဖလားချန်ပီယံ
Posted On December 15, 2020, By CEO Editors
၂၀၂၀ ၏ ပထမဆုံး ဂေါက်သီးမေဂျာပွဲကြီး ပီဂျီအေချန်ပီယံရှစ်ပ်
Posted On September 29, 2020, By CEO Editors
နာမည်ကြီးဂေါက်သီးအကျော်အမော်များ ပြုတ်နိုင်သော ဖက်ဒိတ်စ်ဖလားအပြီးသတ်ပွဲများ
Posted On August 24, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း