Asian HS လို့လူသိများတဲ့ Asian Hibitat Society ကနေ မြန်မာနိုင်ငံတွင်ပထမဦးဆုံး ပေးအပ်ခြင်းဖြစ်တဲ့ Green Asia Habitat Award ဆုကို မြန်မာနိုင်ငံရှိ GOLDEN CITY ကနေရရှိခဲ့တဲ့ အကြာင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်က GOLDEN CITY Project တည်ရှိရာ ရန်ကင်းမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ Asian Hibitat Society က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mr Alex Camprubi က အသိအမှတ်ပြုလက်မှတ်နဲ့ ဆုပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ Golden City Project နဲ့ GOODMAN Capital ရဲ့ Managing Director Mr Jeffrey Lu ကလည်း ဆုရရှိအောင် ဆောင်ရွက်ခဲ့ရပုံတွေကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ Golden City ဟာ စင်ကာပူအခြေစိုက် Uni Global Power Company (UGP) နဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Jewellery Luck Group တို့ပူးပေါင်းပြီးဆောက် လုပ်နေတဲ့ Project တစ်ခုဖြစ်ပြီး စတုရန်းပေ ၃ . ၆ သန်းကျော်ကျယ်ဝန်းတဲ့ မြေပေါ်မှာ အဆင့်မြင့်ကွန်ဒိုတိုက်ခန်း၊ ဟိုတယ် ၊ Super Market ၊ နိုင်ငံတကာအ ဆင့်မီပန်းခြံ၊ ကျယ်ဝန်းတဲ့ ကားရပ်နားရန်နေရာ အစရှိတဲ့ လူမှုပတ်ဝန်းကျင်လိုအပ်ချက်တွေ ပြည့်စုံအောင် ဆောင်ရွက်ပေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။