ငွေဆောင်တွင်ကျင်းပလျက်ရှိသော ၂၇ ကြိမ်မြောက် SEA Games ရွက်လှေပြိုင်ပွဲ ဒီဇင်ဘာ ၁၉ ရက် Half Rater (Open) Class ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော စည်သူမိုးမြင့် (Helm အဖြစ်တာဝန်ယူသူ၊ အသက် ၃၁နှစ်)နဲ့ ဖုန်းကျော်မိုးမြင့် ( Crew အဖြစ်တာဝန်ယူသူ အသက်၂၈ နှစ်) တို့ညီအစ်ကိုနှစ်ယောက်မှ မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက မြန်မာရွက်လှေအသင်းဟာ ၂၀၀၁ ခုနှစ်က မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် SEA Games ပြိုင်ပွဲမှာ ရွှေတံဆိပ်သုံးခု ဆွတ်ခူးခဲ့တာပါ။ အဲဒီအချိန်က ဆွတ်ခူးခဲ့တဲ့ ရွှေတံဆိပ် သုံးခုအနက်က တစ်ခုဟာ International 420 Class ၊ ၁၉ နှစ်အောက်ယောက်ျားလေး ပြိုင်ပွဲမှာ ဖုန်းကျော်မိုးမြင့် (Helm အဖြစ်တာဝန်ယူသူ၊ အသက် ၁၆ နှစ်အရွယ်)နဲ့ စည်သူမိုးမြင့် ( Crew အဖြစ်တာဝန်ယူသူ အသက်၁၉ နှစ်အရွယ်) တို့ညီအစ်ကိုနှစ်ယောက်မှ မြန်မာအသင်းအတွက် ရယူပေးခဲ့တာဖြစ်ပါတယ်။ http://www.27seagames2013.com/sports/type/sailing, http://www.myanmarsailing.com https://www.facebook.com/YangonSailingClub.