GM က 2017 ခုနှစ်ကျရင် သြစတြေးလျမှာ ကားထုတ်လုပ်တာ ရပ်ဆိုင်းမယ်

a General Mortors (GM) ကားထုတ်လုပ်ရေးကုမ္ပဏီဟာ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာတာကြောင့် ၂၀၁၇ ခုနှစ်အကုန်ကျရင် သြစတြေးလျနိုင်ငံမှာ မော်တော်ကားထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ အကျိုးဆက်အနေနဲ့ သြစတြေးလျတောင်ပိုင်းနဲ့ Victoria States ဒေသတွေမှာ လာမယ့် လေးနှစ်တာကာလအတွင်းမှာ လာမယ့်လေးနှစ်တာကာလအတွင်းမှာ အလုပ်အကိုင်ပေါင်း ၂,၉၀၀ ကျော် လျှော့ချမယ်လို့ GM က ကြေငြာခဲ့ပါတယ်။ အခုလို သြစတြေးလျမှာ ကားထုတ်လုပ်မှုရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချရတာဟာ သြစတြေးလျဒေါ်လာ ဆက်လက်အားကောင်းနေခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း ၊ ဈေးကွက်ယှဉ်ပြိုင်မှု မြင့်မားခြင်းစတဲ့ အချက်တွေကြောင့်ဖြစ်ကြောင်း GM ရဲ့ အမှုဆောင်အရာရှိချုပ် Dan Akerson က ဆိုပါတယ်။ Ref : AP