GM (General Motors)) ကုမ္ပဏီ ဟာ ၂၀၁၄ မှ ၂၀၁၇ ကာလအတွင်း ဒေါ်လာ ၁၂ ဘီလီယံရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိပါတယ်။ လာမယ့်နှစ်မှာ စက်ရုံတွေလည်း ပိုဆောက်သွားမှာ ဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ကမ္ဘာ့ အကြီးဆုံးကားဈေးကွက်ဖြစ်ပြီး Volkswagen အစရှိတဲ့ နိုင်ငံခြား ကားကုမ္ပဏီတွေရော ပြည်တွင်းက SAIC Motor အစရှိတဲ့ ကားကုမ္ပဏီ တွေပါ အပြိုင်အဆိုင် လုပ်ကိုင်နေ ကြတာလည်းဖြစ်ပါတယ်။ ပေကျင်းအပြင် တခြားမြို့ တွေမှာလည်း ကားစီးတဲ့ဦးရေ များ ပြားနေတဲ့အတွက် ကားထုတ်လုပ်သူ တွေအတွက် အမြတ်အစွန်းတွေ ရရှိ နေကာ ဥပမာ- ကွမ်ကျိုးနဲ့ ရှန် ဟိုင်းမှာဆိုရင် လူ တစ်ထောင်မှာ ၁၂၃ ယောက် ကားစီးနေကြတာပါ။ Volkswagen ကားကုမ္ပဏီ ဟာ တရုတ်ပြည်ကို အဦးဆုံးလာရောက် လုပ်ကိုင်တဲ့ကားကုမ္ပဏီတွေထဲမှာ အပါအဝင်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန် ဆယ်နှစ်တာ ကာလအတွင်းကစပြီး လုပ်ငန်းတွေ စခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းကို ပိုမိုရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အမီ ကမ္ဘာမှာ ကားမော်ဒယ်၊ နည်းပညာနဲ့ စက်ရုံပိုင်းတွေမှာ သရဖူ ဆောင်းရအောင် လုပ်ကိုင်သွားမယ် လို့ သိရပါတယ်။ GM ကလည်း ၂၀၁၅ ခုနှစ်အမီ တရုတ်ပြည်မှာ စင်းရေ တစ်သိန်းထိရောင်းဖို့ စီစဉ် ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ငါးသောင်းထိ ရောင်းခဲ့ရတယ်လို့ သိရပါတယ်။
Ref: Reuters