Global Entrepreneurship Week 2014 ပြုလုပ်မည်

1 USAID, Standard Chartered နှင့် British Council တိုု့ Partners ပါဝင်သည့် Global Entrepreneurship Week 2014 နဲ့ပတ်သက်ပြီး မီဒီယာများနှင့် မိတ်ဆက်ခြင်းကိုု  နိုုဝင်ဘာလ ၄ ရက်နေ့ 50th Street Bar တွင် ကျင်းပပြုလုုပ်ခဲ့ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်တဲ့ Global Entrepreneurship Week (GEW) ကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုုင်ငံမှာGlobal Entrepreneurship Week ကိုု ၂၀၁၂ ခုုနှစ်မှ စတင်ပြီး ကျင်းပခဲ့တာဖြစ်ပြီး အရင်နှစ်တွေက ရန်ကုန်မြို့မှာသာ ကျင်းပခဲ့တာဖြစ်ပါတယ်။  GEW ကို မြန်မာနိုင်ငံနဲ့အတူ နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ နှစ်စဉ် နိုဝင်ဘာလ ရောက်တိုင်း ပြုလုပ်လေ့ရှိပြီး ၂၀၀၈ ခုုနှစ်မှ စတင်ကာ နိုုင်ငံ ၁၂၅ နိုုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်းပေါင်း ၂၄,၀၀၈ ခု၊ လှုပ်ရှားမှုပေါင်း ၃၃,၀၀၀ ကျော်ရှိကာ ပါဝင်ဆင်နွှဲသူ သန်းနဲ့ချီပြီးရှိတယ်လို့လည်း သိရပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ သီတင်းပတ်တစ်ပတ်ကြာ ကျင်းပမယ့် GEW ကို ယခုနှစ်မှာ Let's Get Started, Myanmar! ဆိုတဲ့ theme နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ထိုသီတင်းပတ်အတွင်း ပြုလုပ်သွားမယ့် ဆွေးနွေးပွဲတွေမှာ အနာဂတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းစတင်ရာမှာ အသုံးဝင်မယ့် အကြောင်းအရာ၊ ဗဟုသုတတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်ပြုလုပ်မယ့် GEW အတွက် ပူးပေါင်းကူညီဆောင်ရွက်သူတွေကတော့ Apex Management School, Opportunities Now, Building Markets, Project Hub Yangon, Blink Public Relations, British Council, Standard Chartered, Myanmar Business Executives, Partnership for change, Myanmar Youth Professional, USAID, GIZ နှင့် Advancement and Development through Entrepreneurship Programs and Training (ADEPT) တို့ဖြစ်ကြတယ်လို့သိရပါတယ်။ GEW လှုပ်ရှားမှုုဖြစ်မြောက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံံ့ကိုတော့ USAID နှင့် GIZ တို့ကပေးထားတယ်လို့ သိရပါတယ်။ GEW လှုပ်ရှားမှုအတွင်း ကျင်းပမယ့်ဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေကို မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ GEW သီတင်းပတ်အတွင်း ပြုလုပ်သွားမယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး http://mm.gew.co/ ၊ facebook.com/GEWMM  ၊ Twitter #gewmm14 တို့တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။