Ginza TEPPAN- YAKI Restaurant

article landscape wartermark final2

ဆိုင်တည်နေရာ

အခန်း-၁၀၁၊ မြေညီထပ်၊ Ocean Super Center ( Shwe Gone Tine)  ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၁-၈၆၀၃၈၇၅ Ext၂၁၁၊ ၀၉-၅၀၀၆၈၈၀ တို့ဖြစ်ပါတယ်။  

ဆိုင်ဖွင့်ချိန်နဲ့ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်

ဆိုင်ဖွင့်ချိန်တွေကတော့ မနက် ၉ နာရီကနေ ည ၁၀ နာရီ အထိကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်။  Teppan-Yaki    ဆိုတဲ့ ဂျပန်အစားအစာကို မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူ တွေနဲ့ ဂျပန်နိုင်ငံသားတွေအပြင် တခြားနိုင်ငံခြားသား တွေပါ အလွယ်တကူစားသောက်လို့ အဆင်ပြေအောင်ဆို တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်တယ်လို့ သိရပါတယ်။ article landscape wartermark final4

ရရှိနိုင်တဲ့ အစားအသောက်တွေ

ရရှိနိုင်တဲ့ Menu အစားအသောက်တွေကတော့Teppan-Yaki  ဆိုတဲ့ ဂျပန်အစားအစာကို ကြက်သား၊ အမဲသား၊ သိုးသား၊ ငါး၊ ပင်လယ်စာ၊ မှိုစုံနဲ့အသီးအရွက် စတာ တွေနဲ့ ရရှိနိုင်တဲ့အပြင် Sashimi ၊ Sushi ၊ တန်ပူရာကြော်၊ Soup အမျိုးမျိုးကိုလည်း ရရှိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးဖျော်ရည်တွေကိုလည်း Juice Bar  မှာ ရရှိနိုင်ပါတယ်။  

Teppan-Yaki Restaurant  ရဲ့ ထူးခြားချက်

Teppan-Yaki ဆိုတဲ့ ဂျပန်အစားအစာဟာ လာရောက် သုံးဆောင်ကြတဲ့ Customer  တွေရှေ့မှာပဲ အသား၊ ပင် လယ်စာ၊ အသီးအရွက်စတာတွေကို ကျယ်ပြန့်တဲ့ သတ္တုပြားမျက်နှာပြင်ပေါ်မှာ ပြင်ဆင်ချက်ပြုတ်ပေးတာဖြစ် ပါတယ်။ နိုင်ငံရပ်ခြားမှာ ကျွမ်းကျင်အဆင့်ရှိတဲ့ မြန်မာ Teppan တွေက ဦးစီးချက်ပြုတ်ပေးမှာ ဖြစ်ပါတယ်။ article landscape wartermark final4

ဈေးနှုန်းအပိုင်း

ဈေးနှုန်းပိုင်းမှာဆိုရင်Teppan-Yaki  ဂျပန်အစားအစာမှာ ၄,၅၀၀ ကျပ် ကနေစတင်ပြီး ၁၂,၀၀၀ ကျပ်အထိရှိပါတယ်။  Set Menu  တစ်ခုမှာဆိုရင် ထမင်း၊ ဟင်းတစ်ပွဲ၊ အရွက် ကြော်တစ်ပွဲ၊ Juice တစ်ခွက် စတာတွေ ပါဝင်မှာဖြစ်ပါ တယ်။  

အနာဂတ်မှာဆောင်ရွက်မယ့်အစီအစဉ်တွေ

ရှေ့ဆက်ပြီး ကျွန်တော်တို့အနေနဲ့ ဆိုင်သစ်တွေ ထပ်ပြီးဖွင့် သွားဖို့ရှိပါတယ်။ အကောင်းဆုံး ဝန်ဆောင်မှုတွေကိုလည်း ပေးသွားမှာဖြစ်တယ်လို့ ဆိုင်ရှင်ကိုဝင်းထက်အောင်က ပြော ပြခဲ့ပါတယ်။  

နေခန့်