ဂျာမနီနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ စူပါမားကက် လုပ်ငန်းရှင်ကြီးတွေက ကြီးစိုးထား

Germany supermarket copy ဂျာမန်လူမျိုး အချမ်းသာဆုံးပုဂ္ဂိုလ်တွေစာရင်းကို ဂျာမနီနိုင်ငံရဲ့ Manager  မဂ္ဂဇင်းက အောက်တိုဘာလလယ်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဂျာမနီနိုင်ငံဟာ ဥရောပရဲ့ အကြီးဆုံး စီးပွားရေးဖြစ်သလို ဒီစာရင်းမှာ ဘီလီယံနာ ၁၃၅ ယောက် စံချိန်တင် ပါဝင်ခဲ့ပါတယ်။ Aldi  စူပါမားကက်ဆိုင်ခွဲလုပ်ငန်းကို ပူးတွဲတည်ထောင်သူ အသက် ၉၃ နှစ်အရွယ် Karl Albrecht  က ခန့်မှန်းပိုင်ဆိုင်မှု ယူရို ၁၇.၈ ဘီလီယံနဲ့ ထိပ်ဆုံးနေရာကို နှစ်ပေါင်းများစွာ  ရယူထားပါတယ်။ ဒုတိယနေရာမှာတော့ သီးခြားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Aldi Nord ကို ပူးတွဲပိုင်ဆိုင်တဲ့ Theo Albrecht နဲ့ သူ့ရဲ့ ကွယ်လွန်သွားတဲ့ညီဖြစ်သူ Berthold တို့က ယူရို ၁၆ ဘီလီယံနဲ့ ရှိနေပါတယ်။ တတိယကတော့ Aldi ရဲ့ ပြည်တွင်းပြည်ပပြိုင်ဘက်ဖြစ်တဲ့ Lidl ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Dieter Schwarz  က ယူရို ၁၃ ဘီလီယံနဲ့ ရှိနေပါတယ်။အဲဒီစာရင်းမှာ ဆော့ဖ်ဝဲကုမ္ပဏီ SAP  ၊ ကစားစရာအရုပ်ကုမ္ပဏီ Playmobil ၊ Formula One ကားမောင်းပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း Michael Schumacher တို့လည်း ပါဝင်ပါတယ်။ Ref: Internet