၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ကနေ ၁၇ ရက်နေ့အထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ အကြီးတန်းစီမံခန့်ခွဲရေးသင်တန်းကို ကျင်းပခဲ့ပါတယ်။ အာဆီယံနှင့်တောင် အာရှနိုင်ငံတွေက သင်ခန်းစာတွေ ရယူကာ အကြီးတန်း အစိုးရအရာရှိတွေကို အဓိကကျတဲ့ လက်တွေ့ရှုထောင့်ကနေ သင်တန်းတွေ ပေးခြင်းနဲ့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးသွားဖို့ ရည်ရွယ်ပြီး အဆိုပါအကြီးတန်းစီမံခန့်ခွဲမှုသင်တန်းကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ စွမ်းရည်မြှင့်တင်ပေးမှုစတာတွေကို ကူညီပံ့ပိုးပေးဖို့အတွက် GE Foundation ရဲ့သန္နိဋ္ဌာန်အစိတ်အပိုင်း ဖြစ်ပြီး အာဆီယံမူဝါဒခေါင်းဆောင်မှု ဖိုရမ် (APLF) အစီအစဉ်ကတစ်ဆင့် ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။