News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
GE Oil & Gas နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော SMART Technical Services
Editorial
January 29, 2014
Local News
News
General Electric (GE) Oil & Gas က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနယ်ပယ်တွင် ဝန်ဆောင်မှုများပေးနေသည့် SMART Technology Services နှင့် အကျိုးတူပူးပေါင်း ဆောင် ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယနေ့ထုတ်ပြန်ကြေညာပါသည်။ ယခု ပူးပေါင်းဆောင်ရွက်မှုအရ SMART Technical Services အနေဖြင့် GE Oil & Gas ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီမံကိန်းများအတွက် လွန်တူးနှင့် မြေပြင်ပေါ်သုံး ပစ္စည်းကိရိယာများ ထောက်ပံံ့မည့် လုပ်ငန်းများလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ ယခုသဘောတူစာချုပ်သည် ၂၀၁၃ခုနစ်၊ မေလတွင် မြန်မာနိုင်ငံ၌ GE ရုံးချုပ်ဖွင့် လှစ်ပြီးသည့် နောက်ဆက်တွဲခြေလှမ်းဖြစ်ပါသည်။ ၂၇ ရက်နေ့က ကျင်းပသောရန်ကုန်မြို့ရှိလက်မှတ်ရေးထိုးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေက "ဒီ မိက်ဖက် ပူးပေါင်းခြင်းကနေ ပြီး GE မှ နိုင်ငံ၏ ထူးချွန်ထက်မြက်သော အနာဂတ်နိုင်ငံ့သားကောင်းများ အား လိုအပ်သော အသိပညာ၊ အတွေ့အကြုံ နှင့် နည်းပညာများအား ဝေမျှသွားမှာဖြစ်တဲ့အတွက် နိုင်ငံတော် နှင့် တကွ နှစ်ဖက်သော အဖွဲ့အစည်းများအနေနဲ့ အကျိုးအမြတ် များရရှိသွားမှာပါ။ သေချာတာကတော့ ဒီပူးပေါင်းမှုက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ကူညီမောင်းနှင်ရန် အတွက် အဓိက လှုပ်ဆော်ပေးခြင်းလည်းဖြစ်လာမှာပါ" ဟုပြောကြားခဲ့ပါသည်။ GE ASEAN ၏ CEO Stuart Dean က “မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့ ၂၀၁၂ ခုနှစ် ကတည်းကစပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာစတင်ရောက်ရှိခဲ့တာပါ။ ဒီတိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံပိုင်း ကိုဖွံဖြိုးတိုးတက်အောင် ကျွန်တော်တို့ကြိုးစားကူညီမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဒီပြည်တွင်းဈေးကွက်ကိုဝင်ရောက်လာမှုမှာ ဒီတိုင်းပြည်အတွက်အားပေးတိုက်တွန်းမှု ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ ကြေညာချက်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းအကျိုးတူဆောင် ရွက်တဲ့ အဖွဲ့အစည်း၊ မြန်မာအစိုးရတို့နဲ့အတူ တိုးတက်စည်ပင်ဖို့ နဲ့ မြန်မာနိုင်ငံနှင့်အတူ တိုးတက်ကြီးပွား ရန်ဆိုတဲ့ GE ၏ ရေရှည်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြပါတယ်။ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်မှာ ကျွန်တော်တို့ ထိုးဖောက်ဝင်ရောက် နိုင် အောင် ကြိုးပမ်းဖန်တီးနေရင်း နိုင်ငံ နဲ့ လူမျိူးအတွက်ပါ အကျိူးကျေးဇူးတွေ ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ယှဉ်ပြိုင်မှုရလဒ်ကောင်းတွေ အရှိန်တိုးမြှင့်ပေးနိုင်မယ့် အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ နည်းပညာနဲ့ ဖြေရှင်းနည်းတွေ GE မှာအသင့်ရှိနေပါတယ်” ဟုပြောကြားခဲ့ပါသည်။ SMART Technical Services နှင့်ဖက်စပ်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတွင် ရေနံနှုင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဆိုင်ရာ စီမံချက်များကိုအရှိန်တိုးမြှင့်အောင်ကူညီပေးနိုင်သောပစ္စည်းကိရိယာနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် GE Oil & Gas ၏ Drilling and Surface Solution များအတွက် ပါအကျုံုုးဝင်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ GE လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်အမေရိကန်တို့တွင် ဈေးကွက်ဖော်ဆောင်မှုနှင့်လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အတွေ့အကြုံများရှိသော မြန်မာနိုင်ငံသား Andrew Lee က Chief Country Representative အဖြစ်တာဝန်ယူဦးဆောင်နေကြောင်း သိရပါသည်။ GE ၏လုပ်ငန်းများလုပ်ကိုင်နေသော အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံ သည် နဝမမြောက်နိုင်ငံဖြစ်ပါသည်။ GE သည်ဒေသအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃ဘီလီယံကျော်၊ ပစ္စည်း အမှာတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ဖြင့် နှစ်ပေါင်း၁၀၀ကျော် လုပ်ငန်းလည်ပတ်နေသောအဖွဲ့အစည်းဖြစ်ပြီး အာဆီယံဒေသတွင် လုပ်သားအင်အားပေါင်း ၇၅၀၀ နီးပါးရှိနေသော ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း