News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Gamers မဂ္ဂဇင်းက စီစဉ်ကျင်းပတဲ့ Dota 2 Tournament
Editorial
April 26, 2014
Local News
News
[caption id="attachment_9522" align="alignnone" width="720"]
Gamers မဂ္ဂဇင်း Founder ကိုထက်မင်းလွင်[/caption] Gamers မဂ္ဂဇင်းကနေ စီစဉ်ကျင်းပတဲ့ Dota 2 Tournament အကြောင်း စာနယ်ဇင်းရှင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်က ရန်ကုန်မြို့ရှိ Dagon Centre II မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ Gamers မဂ္ဂဇင်းရဲ့ စီနီယာအယ်ဒီတာ စာရေးဆရာ ညိုရင့်က မုဒိတာစကား ပြောကြားခဲ့ပြီး Gamers မဂ္ဂဇင်းရဲ့ Founder ကိုထက်မင်းလွင်က ပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အခုအကြိမ် Dota 2 Tournament ကို ကျင်းပတာဟာဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်မြို့မှာ သုံးလတစ်ကြိမ် ဒီလိုမျိုး Game ပြိုင်ပွဲတွေကို Gamers မဂ္ဂဇင်း အနေနဲ့ စီစဉ်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် Dota 2 Tournament ပြိုင်ပွဲကို Dagon Center II မှာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပြီး အဲဒီ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့အဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိပါတယ်။ အခုကျင်းပတဲ့ Dota 2 ဂိမ်းပြိုင်ပွဲကြီးရဲ့ ဆုတွေကတော့ ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်းနဲ့ တတိယဆု ငွေကျပ် တစ်သိန်းတို့ ပဲ ဖြစ်ပါတယ်။ Gamers မဂ္ဂဇင်းက ကြီးမှုးကျင်းပတဲ့ Dota 2 Tournament ကို Main Sponsor အနေနဲ့ Good Day Coffee က ပံ့ပိုးပေးထားပြီး Hardware Sponsor အနေနဲ့ Acer ၊ Rig Sponsor အနေနဲ့ Armaggeddon တို့က ကူညီပံ့ပိုးပေးထားပါတယ်။ ပြိုင်ပွဲမှာ Gseven က ပထမဆု၊ Valonica က ဒုတိယဆု နဲ့ Ultimate က တတိယဆု အသီးသီး ရရှိခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း