အမေရိကန်အခြေစိုက် ASG Software Company နဲ့ မြန်မာနိုင်ငံက IT Soulution Company တစ်ခုဖြစ်တဲ့ SKYLARK နဲ့ ပူးပေါင်းပြုလုပ်တဲ့ Seminar ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၇ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-La Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲနဲ့ပတ်သက်ပြီး Skylark IT Solutions and Managed Services ကုမ္ပဏီရဲ့ Managing Director ဖြစ်တဲ့ ဦးမင်းမြတ်စိုးမိုးက ခေတ်မှီနည်းပညာတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ အဆင့်မြင့်နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေဖို့နဲ့ ဘဏ်လုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ကောင်းမွန်စွာသိရှိနားလည်ပြီး အများပြည်သူထံ ကျယ်ပြန့်စွာအသိပညာပေးနိုင်ဖို့် ရည်ရွယ်ပြီးကျင်းပပြုလုပ်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ASG ဆော့ဝဲလ်ကုမ္ပဏီက ပညာရှင်တွေက နည်းပညာမြင့် Hybrid Dyanmic Workspace၊ Content Management နဲ့ Data Protection စတဲ့ ဆော့ဝဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြပြီး KBZ ဘဏ်နဲ့ AYA ဘဏ်တို့က တာဝန်ရှိသူတွေက ယင်းတို့လက်ရှိအသုံးပြုနေတဲ့ ASG ဆော့ဝဲလ်ကို ဘဏ်လုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုတဲ့အကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ASG က မြန်မာနိုင်ငံဈေးကွက်အတွက် Cloud, Content Management နဲ့ Back-up ဆော့ဝဲလ်ကို ဦးတည်မိတ်ဆက်ပေးသွားခဲ့ပြီး ASG Cloud ဆော့ဝဲလ်ဟယဘဏ်တွေ၊ ကုမ္ပဏီတွေက မိမိတို့ရဲ့ ဒေတာအချက်အလက်တွေကို Cloud ပေါ်တွင်တင်ပြီး Storage လုပ်နိုင်တဲ့ Security မြင့် ဆော့ဝဲလ်တစ်ခုဖြစ်ပြီး ASG Back-up ဆော့ဝဲလ်ကို အသုံးပြုခြင်းအားဖြင့် ဘဏ်ရဲ့ဒေတာအချက်အလက်များအားလုံးကို Back-up လုပ်ထားနိုင်ပါတယ်။
ASG အပြင် Skylark က ဘဏ်တစ်ခုအတွက် အစအဆုံးဆော့ဝဲလ်ကအစ ATM စက်တွေအပြင် end to end ဝန်ဆောင်မှှုပေးခြင်း၊ Data Center Infrastructure management ၊ ERP နဲ့ Skylark ရဲ့ ကိုယ်ပိုင် ERP solution နဲ့ IT outsourcing services တွေကို ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ အသေးစိတ်သိချင်ရင် ဖုန်း 01 652947 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။