FUJINOBO Japanese Restaurant

pic7 ဆိုင်တည်နေရာ အမှတ် ၅၂၀/၄ A၊ ရွှေဂုံတိုင်၊ ကမ္ဘာအေးဘုရားလမ်း၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ Cherry Hills Hotel  ထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး၊ ဖုန်းနံပါတ်အနေနဲ့ ၀၁-၅၅၉၇၂၂ တို့ဖြစ်ပါတယ်။ Website အနေနဲ့ဆိုရင်တော့ www.che- rryhillshotel.com  မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။   ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်ဖွင့်ချိန် ဆိုင်ကိုတော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စ တင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဆိုင်ဖွင့်ချိန်အနေနဲ့ မနက်စာ အ တွက်ဆိုရင် နံနက် ၆ နာရီကနေ နံနက်  ၁၀ နာရီခွဲ၊ နေ့လယ်စာအတွက် နံနက် ၁၁ နာရီကနေ ညနေ ၃ နာ ရီ၊ ညစာအတွက် ညနေ ၅ နာရီကနေ ည ၁၁ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။   pic5 pic6 ဆိုင်နာမည်ပေးဖြစ်ပုံ၊ ဆိုင်အပြင်အဆင်ပိုင်း ဆိုင်နာမည်ပေးဖြစ်ပုံနဲ့ပတ်သက်လို့  F&B   ကိုဝဏ္ဏလင်းက ဂျပန် Management လည်းဖြစ်တယ်၊  ဂျပန်ရိုးရာဘုရားကျောင်းရဲ့အဓိပ္ပာယ်ဖြစ်တဲ့ NOBO ကို ယူပြီး ဘုရားကျောင်းနားမှာ နှင်းတွေကျပြီး Fuji ပန်းတွေ ပွင့်တဲ့မြင်ကွင်းကိုမြင်ရင် ဂျပန်လူမျိုးတွေက ဂျပန်ရိုးရာ အစား အစာတွေကို စားချင်တဲ့စိတ် ဖြစ်ပေါ်လာတာကြောင့်  FUJINOBO လို့ ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်အပြင်အဆင်နဲ့  ပတ်သက်ပြီး Setting တွေကအစ ဂျပန်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်ရဲ့ ရိုးရာပုံစံလေးအတိုင်း ပြင်ဆင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။   pic1 pic3  pic2 pic4 ရရှိနိုင်တဲ့ Menu ရရှိနိုင်တဲ့ Menu တွေဆိုရင် Japanese Food ကိုပဲ  အဓိကဦးစားပေးပြီးပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ နေ့လယ်စာနဲ့ညနေစာမှာဆိုရင် ဂျပန်စတိုင်လ် Set Menu  တွေကို ပြင်ဆင်ထားပါတယ်။ Set Menu   တစ်ခုမှာဆိုရင် ထမင်း၊ Salad ၊ Soup စတာတွေ ပါပါတယ်။  Breakfast  မှာဆိုရင် Japanese Set Breakfast  ၊ European Set Breakfast  တွေကို ရရှိနိုင်သလို၊ Lunch Menu  မှာဆိုရင် Chicken Curry (With Salad and Today's Soup/Miso Soup) ၊ Fried Chicken Set Lunch  ၊ Fried Chicken With Black Vinegar Set Lunch ၊ Grilled Mackerel Set Lunch ၊ Dinner Menu  မှာဆိုရင်  Sukiyaki(With Beef) ၊ Shabushabu (With Beef or Pork) ၊ Mizutaki ၊ Side Dish  စတာတွေကို ရရှိနိုင်ပါတယ်။ Drink & Berverage  မှာ Non-alcoholic Drink  တွေအပြင် ဂျပန်ရိုးရာအရက် Nihon Shu  နဲ့ Sho Chu  ၊ ပြည်တွင်းဖြစ် Premium Wine  စတာတွေကို ရရှိနိုင်ပြီး  ဂျပန်လူမျိုးတွေ မြန်မာပြည်ကို လာရောက်တဲ့ အခါ ပြည်တွင်းဖြစ်  Wine  အရသာတွေကို မြည်းစမ်းစေချင် တဲ့အတွက် ပြည်တွင်းဖြစ်  Wine ကိုအဓိကဦးစားပေးတင် ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ European  Wine    နဲ့ ဂျပန် Wine  တွေကိုလည်းရရှိနိုင်ပါတယ်။ နောက်ပိုင်းဟင်း ပွဲတွေမှာEuropean Set Menu  တွေ ထပ်ထည့်သွားဖို့ပြင် ဆင်နေတယ်လို့လည်းသိရပါတယ်။ အသားတွေကို ဂျပန်နိုင်ငံကတိုက်ရိုက်မှာယူတာဖြစ်တယ်လို့ ဆိုပါတယ်။   ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ Set Menu  ဆိုရင် ၁၂ ဒေါ် လာကနေ အများဆုံးဒေါ်လာ ၈၀ အထိရှိတယ်လို့ သိရပါ  တယ်။ သီးသန့်ခန်းတွေအတွက်လည်း အခန်းဝန်ဆောင်ခ ကောက်ခံတာရှိတယ်လို့ ဆိုပါတယ်။   ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မှုပိုင်းမှာဆိုရင် ကျွန်တော်တို့က  Finning Din - ning  Restaurant    ဖြစ်တာကြောင့် Service ပိုင်းကို အကောင်းဆုံးဖြစ်အောင်ဝန်ဆောင်မှုပေးပါတယ်။ ဂျပန်ဧည့်သည်မှမဟုတ်ဘဲ မြန်မာဧည့်သည်လာရင်လည်း အဆင်ပြေအောင် စီစဉ်ထားရှိပါတယ်။ ဝင်ဝင်ချင်းမှာတော့ ဂျပန်လို နှုတ်ဆက်တာဖြစ်ပြီး ဧည့်သည်အတွက် Comfortable ဖြစ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။Menu တွေနဲ့  ပတ် သတ်ရင် ဂျပန်လူမျိုးအတွက် ပြဿနာမရှိပေမယ့် မြန်မာလူမျိုးတွေနဲ့ အခြားနိုင်ငံခြားသားဧည့်သည်တွေ အတွက် Suggestion   တွေ ပေးတယ်လို့ ဆိုပါတယ်။ ဧည့်သည်ရဲ့ လိုအပ်ချက်ကို အဓိကဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။   ထူးခြားချက် ဒီဆိုင်ရဲ့ထူးခြားချက်တွေကတော့ Wine Seller    အခန်းထား ရှိပြီး မိမိတို့ကြိုက်နှစ်သက်တဲ့  Wine တွေကို မှာယူသုံးဆောင် နိုင်ပါတယ်။ တခြားဂျပန်ဆိုင်တွေနဲ့ မတူတာက European အစားအစာတွေ ရရှိနိုင်တာ ဖြစ်ပါတယ်။  ဂျပန်လူမျိုးစားဖိုမှူး ကိုထားရှိပြီး အစားအစာ ပြင်ဆင်ချက်ပြုတ်တဲ့အပိုင်းကို စနစ်တကျ Management လုပ်ထားတာဖြစ်ပါတယ်။ သီးသန့်ခန်းတွေလည်း ရှိပါတယ်။   Cherry Hill ရဲ့ Hill Bar Hill Bar ကို Cherry Hill Hotel   ရဲ့ ငါးလွှာမှာ ဖွင့်လှစ် ထားတာဖြစ်ပြီး Alcohol Drink  ၊ Cocktail တွေအပြင် Snack Food တွေကိုလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။Hill Bar မှာကျယ်ဝန်းတဲ့ Beer Garden နဲ့ Bar Counter ကိုညနေ ၆ နာရီကနေ ည ၁ နာရီထိ ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။   လာရောက်ကြတဲ့ဧည့်သည်တွေ လာရောက်ကြတဲ့ဧည့်သည်တွေအနေနဲ့ ဂျပန် လူမျိုးရော၊ မြန်မာလူမျိုးတွေပါ လာရောက် စားသုံးကြတယ်လို့ သိရပါတယ်။   အနာဂတ်အစီအစဉ် နောက်ပိုင်းမှာ မြန်မာအစားအစာတွေကို ရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂျပန်လူမျိုးတွေကိုလည်း မြန်မာပြည်ကို ရောက် ရှိလာတဲ့အခါမှာ မြန်မာအစားအစာတွေကို    မြည်းစမ်းကြည့်စေချင်တဲ့ရည်ရွယ်ချက်နဲ့ စီစဉ် တာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာရှိတဲ့Hotelတွေရဲ့ စားသောက်ဆိုင်တွေထဲမှာ ရေ ရှည်ရပ်တည်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဘက်စုံကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။

မို့မို့လတ်မောင်