FUJIFILM Myanmar နဲ့ KMD တို့ပူးပေါင်းပြီး FUJIFILM Instax Product အသစ်များကို မိတ်ဆက်ပြသ

fujifilm1   fujifilm4 ဓာတ်ပုံရိုက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာ အရည်သွေးပြည့်ဝပြီး အရောင်အသွေးစုံလင်တဲ့ ဓာတ်ပုံချက်ချင်းရရှိအောင် စွမ်းဆောင်ပေးတဲ့ ချက်ချင်းရိုက် ပုံချက်ချင်းထွက် FUJIFILM Instax ထုတ်ကုန်အသစ် မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်က ရန်ကုန်မြို့ရှိ Sule-ShanGirila Hotel တွင် ကျင်းပခဲ့ပါတယ်။ fujifilm5 ကင်မရာဒီဇိုင်းများမှာ ကမ္ဘာကျော်ကာတွန်းဇာတ်ကောင်ဖြစ်သော Hello Kitty ရဲ့ ဒီဇိုင်းနဲ့ Instax Camera ရဲ့ နည်းပညာတို့ ပေါင်းစပ်ပြုလုပ်ထားတဲ့ Instax Helb Kitty Camera မြင်ကွင်းကျယ်ရိုက်ကူးနိုင်သော Instax Wide 300 Camera ၊ Professional Camera ကဲ့သို့ ရိုက်ကူးနိုင်တဲ့ Instax Mini 90 Neo Classic Camera နဲ့ Smart Phone ၊ Tablet တွေက ဓာတ်ပုံတွေကို wireless နည်းပညာနဲ့ ချိတ်ဆက်ကာ ဓာတ်ပုံများ ထုတ်ယူနိုင်တဲ့ Instax Share Smart Phone Printer အစရှိတဲ့ ထုတ်ကုန်များမိတ်ဆက်ပြသခဲ့ပါတယ်။ ကင်မရာတွေရဲ့ ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး ရှစ်သောင်းဝန်းကျင်ကနေ အမြင့်ဆုံး နှစ်သိန်းဝန်းကျင်ထိရှိပြီး KMD IT ပစ္စည်းအရောင်းဆိုင်တွေ၊ Shopping Mall များနဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များမှာ မေးမြန်းဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ fujifilm3 fujifilm2