

ဆိုင်ဖွင့်ချိန်
နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက် မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်နာမည်ပေးဖြစ်ပုံ
ကွန်တော်တို့ ဒီဆိုင်က ၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုင်မှာရောင်း ချတဲ့ အသီးအနှံတွေရော၊ အသားငါးတွေပါ လတ်လတ် ဆတ်ဆတ်ဖြစ်ဖို့ အဓိကထားတဲ့အတွက် FRESH THAI ဆိုပြီးပေးဖြစ်သွားတာလို့ ဆိုင်မန်နေဂျာ ကိုဇော်မျိုးထက် က ပြောပြခဲ့ပါတယ်။
ဆိုင်အပြင်အဆင်ပိုင်း
ဒီဆိုင်ရဲ့ Design ကိုတော့ ထိုင်းနိုင်ငံက ဒီဇိုင်နာက ဆွဲပေး ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အထပ်တွေရှိတော့ A ၊ B ၊ C၊ D ဆိုပြီး အပိုင်းတွေ ခွဲခြားထားပါတယ်။ A မှာဆို လူ ၅၀ လောက်ဆံ့ပြီး B က Hall Type ဖြစ်တဲ့ အပြင် ညနေပိုင်းဆိုရင် အပေါ်အမိုးကိုဖွင့်ပေးထားတာ ကြောင့် လူများများဆံ့ပြီး လူကြိုက်များတဲ့ နေရာတစ်ခု လည်းဖြစ်ပါတယ်။ C နဲ့ D မှာက လူအယောက် ၂၀ လောက်ဆံ့ပါတယ်။ Special Room က သုံးခန်းရှိပါ တယ်။ ရှစ်ယောက်နှစ်ခန်းနဲ့ ဆယ်ယောက်တစ်ခန်း ဖြစ် ပါတယ်။
ရရှိနိုင်တဲ့ Menu
ထိုင်းစတိုင်လ် ကော်ပြန့်ကြော်၊ ပုစွန်လခြမ်းမှုန့်ကြော်၊ ပုစွန်ကြက်ဥမွှေကြော်၊ ဆေးဘဲဥသုပ်၊ ပင်လယ်စာသုပ်၊ အမဲကင်သုပ်၊ ပြည်ကြီးငါးသုပ်၊ ထိုင်းစတိုင်လ်ကြက်တောင် ပံကြော်၊ ရွှင်လန်းပျော်ရွှင်ငါးကြော်၊ ဝက်နံရိုးကြော်၊ ပင် စိမ်းကြက်ဥမွှေကြော်၊ စပါးလင်ကြက်ကြော်၊ ဝက်ငါးထပ် သားသံပရာကင်၊ ပုစွန်ကင်၊ ငါးဆားထုပ်ကင်၊ ထိုင်း စတိုင်လ်ငါးရံ့ချဉ်စပ်မွှေး၊ ငါးသံပုရာပေါင်း၊ ဝက်ကုပ်သား ကင်၊ ဆာပါငါးကင်၊ အမဲကင်၊ ပင်လယ်စာ အစပ်ကြော်၊ အုန်းနို့ပုစွန်ချက်၊ အုန်းနို့ပင်လယ်စာချက်၊Fresh Thai ဆော့ပုစွန်ချက်၊ ကြက်ပေါင်ကြော်သုပ်၊ ကြက်သွန်နီအမဲ ကြော်၊ ကြက်သီဟိုရ်၊ ပင်လယ်စာဟော့ပလေ့၊ ပြည်ကြီးငါး အစပ်ကြော်၊ ငရုတ်ကောင်းကဏန်းကြော်၊ ချင်းမိုင်ကြက်/ ဝက်တောက်တောက်သုပ်၊ အမဲတရုတ်နံနံကြော်၊ ဝက်က ဖေါင်၊ သင်္ဘောသီးထောင်း၊ ပဲကြာဆံသုပ်၊ သဘာဝအသီး အစစ်ကို လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ ဖျော်ရည်တွေ အပြင် ရေခဲမုန့်၊ ကော်ဖီ၊ အဖျော်ယာမကာ စတာတွေ ရရှိ နိုင်ပါတယ်။ ရာသီပေါ်အသီးအနှံတွေအပြင် ရာသီချိန်မဟုတ် တဲ့ အသီးအနှံဖျော်ရည်တွေကိုလည်း ရရှိနိုင်ပါတယ်။

ဈေးနှုန်းပိုင်း
အနည်းဆုံး ကျပ် ၂,၅၀၀ ကနေစတင်ပြီး အများဆုံး ကျပ် ၇,၅၀၀ ထိရှိပါတယ်။ဝန်ဆောင်မှုပိုင်း
ဝန်ဆောင်မှုအနေနဲ့က ကျပ်တစ်သောင်းဖိုးပြည့်တာနဲ့ ကော်ဖီ Free သောက်ခွင့်ကတ်တစ်ကတ် ပေးပါတယ်။ ကော်ဖီ ကတ်ကတော့ အချိန်နှစ်လကန့်သတ်ထားပါတယ်။ ကျပ် ခြောက်သောင်းဖိုးပြည့်တာနဲ့ Discount ကတ်လက်ဆောင် ပေးပါတယ်။ ဒီကတ်နဲ့ နောက်တစ်ကြိမ် စားသုံးတိုင်းမှာ ၁၀ ရာခိုင်နှုန်းလျှော့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အချိန် ကာလကတော့ နှစ်နှစ်အတွင်းစားသုံးရမှာ ဖြစ်ပါတယ်။ မွေးနေ့ပွဲနဲ့ ကုမ္ပဏီနှစ်ပတ်လည်ပွဲတွေကိုလည်း ကျင်းပလို့ ရအောင် လက်ခံဆောင်ရွက်ပေးနေပါတယ်။ အပြင်မှာ Outdoor အနေနဲ့ ကျင်းပချင်တယ်ဆိုရင်လည်း ဝန်ဆောင်မှု တွေလိုက် လံဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
အဓိကလာရောက်ကြတဲ့ဧည့်သည်တွေ
Local ကလူတွေ အများဆုံးလာရောက်ကြတာဖြစ်ပြီး နိုင်ငံ ခြားသားဧည့်သည်တွေလည်း ပုံမှန်လာရောက်ကြပါတယ်။ နိုင်ငံခြားသားတွေထဲမှာဆိုရင် ကိုရီးယားလူမျိုးနဲ့ ထိုင်းလူ မျိုးတွေ အများဆုံးလာရောက်ကြတယ်လို့ ဆိုပါတယ်။
အစားအစာတွေအတွက် Hygiene နဲ့ပတ်သက်ပြီး စီစဉ်ထားရှိပုံ
Hygiene နဲ့ပတ်သက်ပြီး သား၊ ငါးတွေကို သန့်သန့်ရှင်း ရှင်းထားပါတယ်။ အသား၊ ငါးတွေကိုလည်း ဈေးကနေ ပြန်ရောက်တာနဲ့ သေချာကိုင်ပြီး သက်ဆိုင်ရာ ရေခဲသေတ္တာ ထဲကို သေချာစွာထည့်ထားပြီး လိုအပ်မှ ချက်ပေးတာဖြစ် တယ်လို့ ပြောပြခဲ့ပါတယ်။အနာဂတ်အစီအစဉ်
အနာဂတ်အစီအစဉ်အနေနဲ့ ဆိုင်ခွဲတွေထပ်ပြီး တိုးချဲ့သွားဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ ဗညားဒလလမ်းနဲ့ ရွှေဂုံတိုင်လမ်းထောင့်က Ocean Supercenter မှာဆိုင်ခွဲ ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။