[caption id="attachment_6509" align="alignnone" width="300"]
ပြင်သစ်ပြည်တွင်း အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်တစ်ခု[/caption]
ပြင်သစ်ဘောလုံးအသင်းတွေကအခွန် ၇၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်မရတဲ့အတွက် ဘောလုံးကလပ် အသင်းတွေက ပြိုင်ပွဲတွေကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်နေပါ တယ်။ ပြင်သစ်သမ္မတ Francois Hollande ရဲ့ အခွန်တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်ဟာ ပြင်သစ်နိုင်ငံရဲ့ ဘတ်ဂျက်လို ငွေကြီးမားမှုကို လျော့ချဖို့နဲ့ နှေးကွေးနေတဲ့ စီးပွားရေးကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဝင်ငွေယူရို တစ်သန်းအထက် ရရှိတဲ့လုပ်ငန်းတွေဆီကနေ အခွန် ကို ၇၅ ရာခိုင်နှုန်း တိုးကောက်တာ ဖြစ်ပါတယ်။ ပြင် သစ်ဘောလုံးကလပ်တွေဟာ လက်မှတ်ရောင်းအားကျတာ၊ ရုပ်သံပြသခွင့်ကရတဲ့ ဝင်ငွေကျဆင်းတာတွေကြောင့် ဘဏ္ဍာရေး အကျပ်အတည်းတွေ ဆိုက်နေတာပါ။ ခုလို အခွန်မြင့်တက်လာရင် ကစားသမားတွေဟာ တခြားလစာများများပေးတဲ့ ဥရောပအသင်းတွေဆီ ရောက်ကုန်ပြီး ပြိုင်ဆိုင်မှုအားနည်းသွားမယ်လို့ သူတို့က ထောက်ပြပါတယ်။ Ref: CNN