ဟောင်ကောင်နဲ့ အာဆီယံနိုင်ငံတွေကြား ရင်းနှီးမြှုပ်နှံမှုနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက် ဆွေးနွေးပွဲကို စက်တင်ဘာလပထမပတ် စနေနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ အာဆီယံနှင့် တရုတ်ပြည်မကြီးတို့ဟာ လွတ်လပ်စွာကုန်သွယ်ခွင့်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက သဘောတူညီထားခဲ့ပြီးဖြစ်ပါတယ်။ ဟောင်ကောင်ကုန်သွယ်မှုလုပ်ငန်းတွေအတွက် အာဆီယံနိုင်ငံတွေဟာ အရေးပါပါတယ်။ ဟောင်ကောင်နဲ့အာဆီယံ နိုင်ငံတွေဟာရင်းနှီးမြှုပ်နှံမှုနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်အတွက် FTA ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို လာမယ့်နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးကြမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: BKK Post