၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပထမပုဂ္ဂလိကဘဏ်မှ ရန်ကုန်စတော့အိတ်ချိန်းမှာ အစုရှယ်ယာများ စတင်ရောင်းချခဲ့ပါတယ်။ ရှယ်ယာရောင်းချတဲ့ အသိပေးအခမ်းအနားကို ဘဏ်ရဲ့တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး ရန်ကုန်စတော့အိတ်ချိန်း တည်ရှိရာ ဆူးလေဘုရားလမ်းမှာ ကျင်းပခဲ့ပါတယ်။ စတော့ဈေးကွက်တွင်း မနက်၁၁ နာရီမှာ ခေါင်းလောင်းထိုး ဈေးကွက်ဖွင့်ပြီးနောက် အစုရှယ်ယာပေါင်း ၅၀၀၀ကျော် အရောင်းအဝယ်ရှိတယ်လို့ ဘဏ်ရဲ့တာဝန်ရှိသူတစ်ဦးက ကြေညာပေးခဲ့ပါတယ်။
ဒီလို အများပိုင်ကုမ္ပဏီအဖြစ် ပြည်သူလူထုကို ရှယ်ယာစတင်ရောင်းချမှုနဲ့ပတ်သက်ပြီး First Private Bank ကို ဘာကြောင့် ယုံကြည်စိတ်ချပြီး ရှယ်ယာဝယ်ယူသင့်သလဲဆိုတာကို FPB ရဲ့ Chairman ဖြစ်သူ ဒေါက်တာစိန်မောင်နဲ့ CEO Magazine မှ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။