နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ဝင်ရောက်လာနေတဲ့ ခုလိုချိန်မှာ မြန်မာဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ Survive ဖြစ်နိုင်ရုံသာမကဘဲ Thrive ဖြစ်အောင်လုပ်ဆောင်နိုင်မယ့် အဓိကနည်းလမ်းတချို့ကို သိချင်ပါတယ်။ အချိန်ကိုက်အခါကိုက် မေးလိုက်တဲ့မေးခွန်းဖြစ်တဲ့အတွက် မေးခွန်းရှင်ကို အများကိုယ်စား ဆရာက ကျေးဇူးတင် ပါတယ်။ မေးခွန်းမှာပါတဲ့အတိုင်း မြန်မာဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်မှာ Survive ဖြစ်နိုင်ရုံသာမကဘဲ Thrive ဖြစ်အောင် လုပ်ဆောင်နိုင်မယ့်အဓိကနည်းလမ်း တချို့ကိုသိချင်တယ်လို့ ဆိုထားတဲ့အတွက် ပထမဆုံး ပြောချင်တာကThrive ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က အောင်မြင်တိုးတက် အောင် လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ် ပါနေလေတော့ (Flourish လို့လည်း ပြောလို့ရပါတယ်)Survive ဆိုတဲ့စကားလုံးထက် မြင့်သွားတာပေါ့။ တို့ ဝန်ထမ်းတွေအတွက် အမှန်လိုအပ်ပါတယ်။ FDI Law ၊ သို့မဟုတ်FI Law ရဲ့ပုဒ်မ ၂၄ မှာ ဖော်ပြထားချက်ကို အကျဉ်းချုပ်ပြောပြရရင်တော့ နိုင်ငံသား ကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင်များနဲ့ ဝန် ထမ်းများကို လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်း၊ တတိယ နှစ်နှစ်အတွင်း ၇၅ ရာခိုင်နှုန်းခန့်ထားရမည်ဟု ဆိုထားသလို ကျွမ်းကျင်မှုတိုးတက်လာဖို့ လေ့ကျင့်ပေးခြင်း၊ သင်တန်းပေး ခြင်းတို့ရှိသည့်အပြင် ပညာရှင်အဆင့် အချိုးကျခွဲဝေမှုဖြင့် နိုင်ငံခြားသားဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသား ဝန်ထမ်း များလုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် စီမံရမည်ဟု ပြဋ္ဌာန်း ထားခြင်းဟာ မြန်မာနိုင်ငံသားဝန်ထမ်း တွေအဖို့ အခွင့်အလမ်း
တစ်ခုဖြစ်တယ်ဆိုတာကို ကြိုတင်သိရှိထားရပါမယ်။ အရေးကြီးတာက ကိုယ့်ဘက်က ကိုယ်လုပ်ရမယ့် အလုပ်အတွက် Professional Skill ကို ပိုင်ပိုင်နိုင် နိုင် ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားဖို့ ကြို တင်ပြင်ဆင်ထားရပါမယ်။ နောက်တစ်ချက်က လုပ်ငန်းခွင်မှာ မဖြစ်မနေ တွေ့ကြုံရမယ့် ကိုယ်မလုပ်နိုင်တဲ့အခက်အခဲတွေကို ဆင်ခြေ ဆင်လက် တက်တာမျိုးမဟုတ်ဘဲ တည်ကြည်မှန်ကန်မှုနဲ့ အထက်ကိုတင်ပြတတ်တဲ့ အလေ့အကျင့်ကို ကြိုတင်လေ့ကျင့် ထားဖို့လိုမယ်။ (ငါတို့က အားနာတတ်လို့ ဒီစကားပြော ထားရတာပါ)။ နောက်တစ်ချက်က လုပ်ငန်းခွင်မှာ မဖြစ်မနေ ရောယှက်ပါလာမယ့် ကိုယ်နဲ့မတူတဲ့သူတို့ရဲ့ ပြောဆိုဆက်ဆံ နေထိုင်စားသောက်မှု စတဲ့ အလေ့အထတွေကို ကိုယ်က လိမ္မာပါးနပ်စွာ Adaptiation လုပ်နိုင်ရမယ်။ နောက်တစ်ချက်က လုပ်ငန်းခွင်မှာ တစ်ခါတစ်ရံ တွေ့ရမယ့် ကိုယ့်ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကို မသိ လို့ ဝိရောဓိအသွင်ဆောင်တဲ့ပုံစံမျိုး ဖြစ်လာခဲ့ရင်လည်း စိတ် ရှည်ရှည်ထားကာ သည်းခံခွင့်လွှတ်ပြီး ကိုယ့်ဘက်ပါလာ အောင် စည်းရုံးနိုင်ရမယ်။ နောက်တစ်ချက်က နိုင်ငံခြားသားတွေနဲ့ ဆက်ဆံ ရာမှာ လိုအပ်တာထက် ပိုသောကြည်ညိုလေးစား အရေးပေး မှုတွေကို ရှောင်ရှားပြီး ပုံမှန်တန်းတူ ဆက်ဆံနိုင်တဲ့အရည် အချင်းရှိအောင် ကိုယ့်ဘက်ကလည်း ပြင်ဆင်ထားရမယ်။ နောက်တစ်ချက်ကတော့ သူတို့ပေးလာတဲ့လုပ်ငန်း ခွင်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို တန်းမီအောင် ကြိုးစား သင်ယူဖို့ လိုပါမယ်။ နောက်တစ်ချက်က သူတို့နဲ့လူမှုရေးအရှုပ်အထွေး ကင်းနိုင်သမျ ကင်းအောင် နေတတ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က မိမိလုပ်ဆောင်သမျ၊ ကြိုးစား သမျ ကင်းအောင် နေတတ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က မိမိလုပ်ဆောင်သမျ၊ ကြိုးစား သမျကို တာဝန်ရှိသူတွေမြင်သာထင်သာ (Transparency) ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ နောက်တစ်ချက်က နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ စကားလုံးအသုံး အနှုန်းတွေ ရှောင်ရှားဖို့ လိုပါမယ်။ ဒါတွေကတော့ မေးခွန်းရှင်မေးထားသလို မြန်မာ ဝန်ထမ်းတွေအနေနဲ့ မြန်မာကုမ္ပဏီမှာပဲဖြစ်ဖြစ်၊ ဝင်လာမယ့် နိုင်ငံခြားကုမ္ပဏီမှာပဲလုပ်လုပ် ကုမ္ပဏီအချင်းချင်း၊ ဝန်ထမ်း အချင်းချင်း နိစ္စဓူဝပြုမူပြောဆိုဆက်ဆံရာမှာ Thrive ဖြစ် အောင်လုပ်ဆောင်နိုင်မယ့် အဓိကနည်းလမ်းတချို့ကို ဆရာ စဉ်းစားလို့ရသမျ ပြောပြခြင်းပဲ ဖြစ်ပါတယ်။ အများကြီး ကျန်ပါသေးတယ်။ Survive ဖြစ်နိုင်ရုံသာမကဘဲ Thrive (or) Flourish ဖြစ်အောင် အဓိကပြောရရင်ဖြင့် ဘယ်သူနဲ့ပဲ နေနေ၊ ဘယ်သူနဲ့ပဲပေါင်းပေါင်း၊ ဘယ်နေရာရောက် ရောက်၊ ဘာပဲလုပ်လုပ် (၁) မြင့်မြတ်တဲ့ဆန္ဒ၊ သို့မဟုတ် ရည်မှန်းချက် (၂) မြဲမြံတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ (၃) ခိုင်ခံ့တည်ကြည်တဲ့စိတ်ဓာတ် (၄) အခြေအနေတွေကို မှန်မှန်ကန်ကန် ကြည်ကြည် လင်လင်မြင်နိုင်တဲ့အမြင် ဆိုတဲ့ အောင်မြင်ခြင်းတရားလေးပါး (အဓိပတိ လေးပါး) ဖြစ်တဲ့ 'ဆန္ဒ-ဝီရိယ-စိတ်ဓာတ်-ပညာ' ကို ရှိအောင်လုပ်ဖို့ လိုပါမယ်လို့ ဖြေပါရစေ။ ဝန်ထမ်းအများစုအတွက် အချိန်ကိုက် အခါကိုက် အကျိုးရှိစေတဲ့ မေးခွန်းမျိုးကို မေးလာတဲ့မေးခွန်းရှင်ကို ထပ်မံကျေးဇူးစကားဆိုပါရစေ။
ရဲမြင့် (စွန့်ဦးတီထွင်)