Ford ကုမ္ပဏီက မန္တလေးမြို့တွင် ပထမဆုံး Sales and Service Centre ဖွင့်လှစ်

Ford Motor Company က ပြည်တွင်းအကျိုးတူစီးပွားရေးလုပ်ငန်းဖြစ်တဲ့ capital Automotive နဲ့ ပူးပေါင်းကာ Customer တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့  မန္တလေးမြို့မှာ Sale and Service Centre အသစ်ကို မကြာခင်က ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ ၁၀  လမ်း ၇၈ လမ်းထောင့်တွင်ရှိပြီး စတုရန်းပေ ၁၂,၀၀၀ ကျယ်ဝန်းတဲ့ အဆောက်အအုံမှာ FORD အမှတ်တံဆိပ် အမြန်မောင်း Fiesta ကနေ အကြမ်းခံ Ranger ကုန်တင်ကားငယ်အထိ မော်တော်ယာဉ် ၁၂ စီးကို ပြသထားတဲ့ Showroom နဲ့  မော်တော်ယာဉ်လေးစီးပြင်နိုင်တဲ့ Service Centre တို့ ပါဝင်ပါတယ်။ Ford Motor Company ရဲ့ Asia Pacific Emerging Markets ဆိုင်ရာ Managing Director David Westerman က “လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က တည်းက မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်မှာ ကျွန်တော်တို့လည်း အတူတကွ ပါဝင်ရှင်သန်လာခဲ့ကြပါတယ်။ ဒီမန္တလေးအဆောက်အအုံကို ဖွင့်လှစ် တာက တစ်နိုင်ငံလုံးရဲ့ အချက်အခြာကျတဲ့ နေရာတွေမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ တည်ရှိအောင်ချဲ့ထွင်ဖို့၊ FORD ရဲ့ Customer တွေကို ပိုမိုကောင်းမွန်တဲ့ အမှတ်တံဆိပ်၊ ကျွမ်းကျင်တဲ့ Sales နဲ့ Service အပြင် FORD ကားကိုပိုင်ဆိုင်ရတဲ့အတွက် သူမတူတဲ့ ပိုင်ဆိုင်မှုအတွေ့အကြုံတွေကို ရရှိနိုင်အောင်ပံ့ပိုးပေးဖို့ အတွက် နောက်ထပ်ခြေလှမ်းတစ်ဆင့်လှမ်းလိုက်တာ ဖြစ်ပါတယ်” လို့ service centre ဖွင့်လှစ်ခြင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ Ford 1 အရောင်းနဲ့ နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုကို အဆင့်အမြင့်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ အရောင်းဝန်ထမ်းနဲ့ ဝန်ဆောင်မှုဝန်ထမ်းအားလုံးအနေနဲ့လည်း အဆင့်မြင့်ပြီး၊ လက်တွေ့ကျသော ကျွမ်းကျင်မှုစွမ်းရည်ပြည့်ဝစေတဲ့ သင်တန်းတွေ တက်ရောက်ထားပြီးဖြစ်ကြောင်း၊ ပြည်တွင်းဝန်ထမ်းတွေကို ကြီးကြပ်သင် ကြားပေးမယ့် ကျွမ်းကျင်ပညာရှင် Ford Master Technician တစ်ဦးလည်း မန္တလေးတွင် အခြေစိုက်နေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Capital Automotive Limited ရဲ့ Managing director ဦးခင်ထွန်းက “မန္တလေးမြို့ကြီးဆက်လက်ဖွံ့ဖြိုူးနေ တာနဲ့အမျှ ကျွန်တော်တို့ FORD Customer တွေရဲ့ လိုအပ် ချက်တွေကလည်း တိုးလာမှာပါပဲ။ သီးသန့်ပုဂ္ဂလိကဝယ်ယူသူတွေအတွက် FORD လူစီးကား၊ ထရပ်ကားနဲ့ SUV ကားအမျိုးအစားလုံးစုံအောင် Showroom မှာ ဖြည့်ဆည်းပေးထားပါတယ်။ သတ္ထုတွင်းတူးလုပ်ငန်းခွင်လိုမျိုးက Commerical Customer တွေအတွက်ကတော့ အချိန်ကငွေပါပဲ။ အရည်အသွေး မြင့်မားပြီး ကျွမ်းကျင်တဲ့ဝန်ဆောင်မှုက သူတို့အတွက် အလွန်အရေးပါပါတယ်လို့ ကျွန်တော့်ကိုပြောဖူးပါတယ်။ ဒီ Service Centre အသစ်က သူတို့ကို စိတ်အေးချမ်းမှုတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်" ဟု ပြောကြားခဲ့ပါတယ်။ မန္တလေး FORD Sales and Service Centre ကို တနလာၤမှ စနေနေ့များတွင် နံနက် ၈:၃၀ နာရီမှ ၅:၃၀ နာရီထိ လည်းကောင်း၊ တနင်္ဂနွေနေ့တွင် နံနက် ၈:၃၀ နာရီမှ ညနေ ၄:၀၀ ထိလည်းကောင်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၂-၅၆၀၁၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။