Microsoft ကို ပြောင်းမှာမဟုတ်ဘူးလို့ Ford ရဲ့ CEO Allan Mulally ဆို

Microsoft ရဲ့ CEO  ဖြစ်လာမယ့်သူလို့ ရေပန်းစားနေတဲ့ Ford  ရဲ့ CEO  Allan Mulally က ၂၀၁၄ ခုနှစ်မကုန်ခင် Ford ကနေ ထွက်ခွာ မှာမဟုတ်ဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Ford ကို အလုပ်အကျွေးပြုဖို ကလွဲပြီး အခြားအစီအစဉ် မရှိတဲ့အတွက် Microsoft နဲ့ ပတ်သက်ပြီး ကျွန်တော့်အပေါ်ခန့်မှန်းချက်တွေကို အဆုံးသတ်ချင်ပါတယ်' လို့ အင်တာဗျူးတစ်ခုမှာ Mulally က ပြောကြားခဲ့ပါတယ်။ Ford မှာ ၂၀၁၄ ခုနှစ်ကုန်အထိ ဆက်နေသွားမယ့် အစီအစဉ်အတိုင်း လုပ်သွားမှာဖြစ်ကြောင်း Mulally က ပြောကြားခဲ့ပြီး အဲဒီအစီအစဉ်ကို Ford က ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ကြေငြာခဲ့တာ ဖြစ်တယ်။ ပြီးခဲ့တဲ့လအနည်း ငယ်အတွင်းမှာ Microsoft  ရဲ့ CEO ဖြစ်တဲ့ Steve Ballmer နေရာကို ဆက်ခံမယ့်သူတွေစာရင်း မှာ Mulally ပါတယ်လို့ သတင်း တွေ အများကြီး ထွက်ခဲ့ပါတယ်။ အသက် ၆၈ နှစ်ရှီပြီဖြစ်တဲ့ Mulally ဟာ Boeing ကုမ္ပဏီမှာ ၃၆ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ Ford ကို ရောက်လာခဲ့တာ ဖြစ်တယ်။ Mulally  ဦးဆောင်တဲ့ သက်တမ်းအတွင်းမှာ Ford ဟာ အခွန်မဆောင်ခင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၂.၉ ဘီလီယံ ရရှိခဲ့ပြီး Ford ရဲ့ ရှယ်ယာတန်ဖိုး နှစ်ဆမြင့်တက်ခဲ့ပါတယ်။

Ref: AP