၂၀၁၃ တစ်နှစ်လုံးအတွက် Ford ရဲ့ မော်တော်ကားရောင်းအား ၂ သန်းအထိရှိလာမယ်

မြောက်အမေရိကတိုက်က မော်တော်ကားရောင်းအားကြောင့် ၂၀၁၃ နှစ်အတွက် Ford ရဲ့ မော်တော်ကား ရောင်းအားဟာ ၂.၄ သန်းနဲ့ ရောင်းအားအကောင်းဆုံးဖြစ်လာမှာဖြစ်ပြီး Toyota ကို နောက်တစ်ကြိမ် ကျော်လွန်ပြီး ရောင်းအားအကောင်းဆုံး အမေရိကန်ကားအမှတ်တံဆိပ်ဖြစ်လာမှာဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းကစပြီး ဝယ်လိုအားအမြင့်ဆုံးဖြစ်လာတဲ့အတွက် ဒီနှစ်မကုန်ခင်မှာပဲ ခရီးသည်စီးကား ၆ သိန်းကျော်ရောင်းရဖို့ရှိတယ်လို့ Ford က ထုတ်ပြန်ခဲ့ပါတယ်။ Ford ဟာ အိမ်စီးကား၊ ထရပ်ကားနဲ့ လုပ်ငန်းသုံးကား စတဲ့ ကားအမျိုးအစားတွေအားလုံးရဲ့ ရောင်းအား နှစ်ဆအထိတက်လာခဲ့တာဖြစ်တယ်။ ရောင်းအားအကောင်းဆုံးကားတွေကတော့ Ford Fiesta ၊ Ford Fusion Midsize Sedan ၊ C – Max hybrid နဲ့ Ford Escape Suv တို့ဖြစ်ပါတယ်။ Ref : AP