နောက်ဆုံးထုတ်ပြန်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့ စင်ကာပူကလူချမ်းသာတွေရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၁၆ နှစ်ကနေ စပြီး အခုအချိန်ထိစင်ကာပူမှာ ဘီလီယံနာ ၂၁ ယောက်ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Far East Organization တည်ထောင်သူ Ng Teng Fong ရဲ့ သားတွေဖြစ်တဲ့ Robert Ng နဲ့ Philip Ng တို့ဟာ စင်ကာပူရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေအဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။ သူတို့ရဲ့ ခန့်မှန်းအသားတင် ကြွယ်ဝမှုဟာပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံရှိရာကနေ ဒီနှစ်မှာ ၁၀.၆ ဘီလီယံအထိ တိုးလာခဲ့ပါတယ်။ ဒီနှစ်မှာ အသားတင်အမြတ်ငွေ အများဆုံး တိုးလာသူကတော့ City Developments ရဲ့ ဥက္ကဋ္ဌ Kwek Leng Beng ဖြစ်ပြီး စင်ကာပူအချမ်းသာဆုံးစာရင်းမှာ နံပါတ်ခြောက်နေရာကနေ နံပါတ်နှစ်နေရာကိုရောက် ရှိလာခဲ့သူဖြစ်တယ်။ သူ့ရဲ့အသားတင် ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံကနေ ၇.၁ ဘီလီယံ အထိ တိုးလာခဲ့တာဖြစ်တယ်။ စင်ကာပူစတော့ဈေးကွက်ဝင် Yoma Strategic Holdings နဲ့ပတ်သက်နေတဲ့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ Serge Pun ဟာ Forbes ရဲ့ ဒီနှစ်စာရင်းထဲမှာ အသစ်ပါဝင်လာတဲ့ လူချမ်းသာဆယ်ယောက် ထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်းငါးရာနဲ့ နံပါတ် ၃၈ နေရာမှာ ရှိနေပါတယ်။ စင်ကာပူက အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ရဲ့ စုစုပေါင်းအသားတင် ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိပါတယ်။
Ref: CNA