MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Food & Hotel Myanmar Exhibition 2014
Editorial
September 5, 2014
Local News
News
Food & Hotel Myanmar 2014 ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျယ်ကျယ်ပြန့်ပြန့်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအစား အစာနဲ့ ဧည့်ဝန်ဆောင်ခြင်းအခမ်းအနားဖြစ်ကာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်အထိ ရန်ကုန်မြို့Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Bangkok Exhibition Services (BES) Ltd က Allworld Exhibitions Member တွေ ကြီးမှူးကျင်းပ တာဖြစ်ပြီး Food & Hotel Myanmar 2014 ပြပွဲ မှာ နိုင်ငံပေါင်း ၂၉ နိုင်ငံက ကုမ္ပဏီပေါင်း ၂၅၀ ကျော်ပါဝင်ကာ အမှတ်တံဆိပ်ပေါင်း တစ်ထောင်ကျော်ပြသသွားခဲ့တာဖြစ်ပါတယ်။
ဒေါက်တာခင်မာလာ
Managing Director
NatRay
ကျွန်မတို့က Hotel Supply လုပ်တာပါ။ မွေ့ရာတွေပေါ့နော်။ ကျွန်မတို့ Supplier ရှာတဲ့အခါမှာ P.L.Y. Company က Bedding တွေကို Specialized လုပ်တယ်၊ သူတို့တွေက Manufacturing ဖြစ်တယ်၊ ကိုယ်လိုအပ်သလိုလည်းမှာယူ နိုင်တဲ့အတွက် Direct Partner တွေဖြစ်လာပြီး အလုပ်အတူ တူတွဲလုပ်ဖြစ်ခဲ့တယ်။ အခုဆိုရင် မြန်မာနိုင်ငံက ဟိုတယ် တွေက International Standard အဆင့်လုပ်နေတာဖြစ်တဲ့ အတွက် ကျွန်မတို့ဟာ Expert တွေနဲ့ လုပ်ကိုင်ရတယ်။ အခုကုမ္ပဏီဆိုရင် သူတို့ရဲ့ ဈေးနှုန်းရော၊ မြန်မာပြည်ရဲ့ အကြိုက်နဲ့ပါ ကိုက်ညီတဲ့အ တွက် အခုလိုတွဲလုပ်ဖြစ်တာ ပါ။ ကျွန်မတို့ NatRay က Bed နဲ့ Bedding ကို အဓိက လုပ်တာပါ။ ဒီမှာဆိုရင် Sakura Residence၊ Central Hotel၊ Sedona Hotel အစရှိတဲ့ ဟိုတယ်ပေါင်းတစ်ရာကျော် လောက်ကို Supply လုပ်တယ်။ ဒီပြပွဲကိုလာပြတဲ့အခါမှာဆိုရင် Chances တွေ၊ Contact တွေ ပိုရနိုင်တယ်လေ။
Mr Louis Tanuhadi
Tulip, The Embassy of Chocolate
ကျွန်တော်က အင်ဒိုနီးရှားကပါ။ မုန့်ဖုတ်လုပ်ငန်းကို ငယ်ငယ် လေးကတည်းက လုပ်ကိုင်ခဲ့တာပါ။ ဒီကိုလာပြတာက အခု နဲ့ဆို ဒုတိယအကြိမ်ပါ။ မနှစ်တုန်းကလည်း လာပြဖူးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ၂၀၀၅ ခုနှစ် ကတည်းကစပြီး ချောကလက်မုန့်တွေ တင်ပို့နေတာပါ။ မြန်မာနိုင်ငံမှာ Grand Cherry Xeno Trading Co Ltd နဲ့ တွဲဖက် လုပ်ကိုင်ပါ တယ်။ အခုလိုလာရောက်ရတာက ကျွန်တော်တို့ရဲ့ Export ကို တိုးမြှင့်လိုတာရယ်၊ ကျွန်တော်တို့ Product ကို သိစေ လိုတာရယ်၊ Bread တွေပြုလုပ်တဲ့ Idea အသစ်အဆန်းတွေ ကို လေ့လာလိုတာရယ်ကြောင့် လာဖြစ်ခဲ့တာပါ။ ချစ်စဖွယ် ပေါင်မုန့်လေးတွေ ပြုလုပ်ဖို့ Idea ကိုတော့ ဂျပန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေကလေ့လာတယ်။ အခုဆိုရင် မြန်မာနိုင်ငံကတကယ် ကို အလားအလာရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ အသစ်အသစ် တွေလည်းဖြစ်နေသလို အာရှ မှာလည်း အကောင်း ဆုံးနိုင်ငံ တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ နောက်တစ်ချက်က နိုင်ငံရေးတည်ငြိမ်မှုရှိတယ်ဆိုရင် ကျွန်တော်တို့လို လုပ်ငန်းရှင်တွေက လာရောက်ရင်းနှီးမြှုပ်နှံချင်ကြတာပဲ။ ဒါကြောင့်နိုင်ငံရေး တည်ငြိမ်ဖို့ရယ်၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အချက်အလက် တွေကိုသိရှိနေဖို့ အမြဲတမ်းလိုအပ်ပါတယ်လို့ ကျွန်တော် ထင်တယ်။
Mr Carlo Meier
Myanmar Coffee
Myanmar Coffee ကုမ္ပဏီကိုဖွင့်တာ မနှစ်က အောက်တို ဘာလမှာပါ။ ကျွန်တော်တို့က Myanmar Coffee ကို နာမည် ကြီးအောင် မြန်မာနိုင်ငံက ကော်ဖီစေ့တွေကို လာဝယ်ပြီး Germany မှာပြန်လှော်ပြီး မြန်မာနိုင်ငံမှာ ပြန်ရောင်းဖို့ အစီအစဉ်ရှိတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာလို နေတာက စက်တွေနဲ့ နည်းပညာတွေပဲ။ ကျွန်တော်တို့က Myanmar Coffee ဆိုပြီး ကုမ္ပဏီထောင်ပြီး စက်လာရောင်း တယ်၊ နည်းပညာလည်း သင်ပေးတယ်။ ကျွန်တော်တို့ Title က 'From Cherry to Cup, from Crop to Pleasure' ပါ။ အသီးသီးတဲ့အချိန်ကနေ ခွက်ထဲရောက်ချိန်ထိ ပျော် ရွင်ခံစားနိုင်အောင် လုပ်ပေးတယ်လို့ အဓိပ္ပာယ်ရတယ်။ Specility Coffee အနေနဲ့ တိုင်းမယ်ဆိုရင် သဘောကတော့ ကျောင်းမှာ တစ်မှတ်ကနေ အမှတ်တစ်ရာပေးမယ်ဆိုရင် မြန်မာနိုင်ငံက ၆၅ မှတ် လောက်ပဲရသေးတယ်။ ကျွန်တော် တို့အခုသုံးနေတဲ့ ကော်ဖီက ၉၀ နဲ့ ၉၅ မှတ်လောက်ရတဲ့ Specility Coffee တွေပါ။ ကျွန်တော်တို့ မြန်မာကော်ဖီ စေ့ကိုထုတ်ဖို့က အခုတော့မအောင်မြင်သေးဘူး။ မြန်မာ ပြည်မှာထွက်တဲ့ ချယ်ရီသီးတွေရဲ့အရသာက မကောင်း သေးဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့အသိတွေနဲ့ ကော်ဖီ ခြံတွေကိုလေ့လာပြီး နည်း ပညာပေးနေတဲ့အတွက် နောက် သုံးလေးငါးနှစ်ဆိုရင် ကော်ဖီအ သီးတွေ၊ အစေ့တွေကောင်းလာ မယ်။ Speciality Coffee ဖြစ် လာမယ်လို့ မျော်မှန်းထားပါ တယ်။ ဒီပွဲမှာလာပြဖြစ်တာက ကျွန်တော်တို့ ဧပြီလမှာ Road Show တစ်ခုစီစဉ်ပြီး မန္တလေး၊ ပုဂံ၊ ရန်ကုန်သုံးနေရာမှာ ဟိုတယ်ပိုင်ရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေကို ဖိတ်ပြီး Coffee Machine နဲ့ ကော်ဖီဖျော်နည်းတွေ ပြပြီး ကော်ဖီတိုက်တယ်။ အဲဒီအချိန်မှာ အားလုံးရဲ့လက်ခံမှုနဲ့ပဲ ကော်ဖီဟာ မြန်မာနိုင်ငံ မှာ ဆက်လုပ်နိုင်တယ်ဆိုတာယုံကြည်ပြီး ခုလိုဆက်လုပ်ဖြစ် တာပါ။
Mrs Parinda Lee
P.L.Y. Co Ltd
ကျွန်မတို့က ထိုင်းကပါ။ ကျွန်မတို့က Bedding ပိုင်း ထုတ် လုပ်တဲ့ကုမ္ပဏီပါ။ ဟိုတယ်တွေကို အဓိကထားပြီးတော့ 3-star ကနေ 5-star အဆင့်ရှိ ဟိုတယ်တွေကို Target ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ NatRay နဲ့အတူတွဲ လုပ်နေပြီး သူတို့က Marketing နဲ့ Distribution လုပ်ပေး ပါတယ်။ ကျွန်မတို့က မနှစ်ကတည်းက အဆက်အသွယ် ရှိတာဆိုတော့ ဒီပွဲကို အခုနှစ် လည်းလာပြဖြစ်တာပါ။ အခု က မြန်မာနိုင်ငံမှာ Hotel & Tourism ပိုင်းက တအား ကောင်းနေတယ်။ ကျွန်မတို့ ကလည်း Product ကောင်း တွေထုတ်လုပ်တာ ဖြစ်တဲ့အ တွက် အဆင်ပြေပါတယ်။
သက်ဝါဟန်
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide