Focus : The Hidden Driver of Excellence

71nvYbMAE6L ရေးသူ                      -         Daniel Goleman စာမျက်နှာပေါင်း          -         ၃၂၀ မျက်နှာ ထုတ်ဝေသူ                -         Harper အရွယ်အစား              -         1" x5.9" x8.9" ထုတ်ဝေသည့်နေ့         -         ၈-၁၀-၂၀၁၃ ISBN-10-0062114867 ISBN-13-978-0062114860 သတိဆိုတာကို သတိထားမိတဲ့သူအင်မတန် ရှားနေပါတယ်။ ဒါပေမဲ့ အခုလိုစိတ်အနှောင့်အယှက်ဖြစ်စရာအာရုံတွေများနေတဲ့ခေတ်ကြီးမှာ သတိ၊ တစ်နည်းအားဖြင့် တစ်ခုခုအပေါ် သတိမြဲမြဲထားပြီး အာရုံစိုက်ထားနိုင်မှုဟာ လုပ်ငန်းအောင်မြင်ရေးသာမက အပျော်ကစားတဲ့အလုပ်ကအစ အချင်းချင်းဆက်ဆံရေးနဲ့ မိမိတို့ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်နေတယ်ဆိုတာတွေအထိ အင်မတန်အရေးကြီးတယ်။ စင်စစ် လုပ်ငန်းတွေထိရောက်အောင်မြင်ရေးအတွက် IQ  လို့ခေါ်တဲ့ ဉာဏ်ရည် အဆင့်အတန်းတို့၊ လူမှုရေးအဆင့်အတန်းတို့ဆိုတာတွေထက် Focus လို့ခေါ်တဲ့ အာရုံစိုက်ထားနိုင်မှုက ပိုအရေးကြီးတယ်လို့ စာရေးသူကဆိုတယ်။ သူဟာ ကမ္ဘာ့ အရောင်းရဆုံးတန်းဝင်   Emotional Intelligence  ဆိုတဲ့စာ အုပ်ကိုရေးခဲ့သူဖြစ်ပြီး စိတ္တဗေဒပညာရှင်နဲ့ သတင်းစာဆရာတစ်ဦးလည်းဖြစ်တယ်။ အာရုံကြောဆိုင်ရာ သိပ္ပံပညာသာမက ကွင်းဆင်းလေ့လာမှုများနဲ့ ကိုယ်တွေ့များကို အခြေခံပြီး ရေးသားထားတာဖြစ်တယ်။ အာရုံစူးစိုက်နည်းများ၊ သတိပဋ္ဌာန်နဲ့ ကမ္မဋ္ဌာန်းကျင့်ပုံများကို လည်း ထည့်သွင်းဖော်ပြထားတယ်။