![](data:image/svg+xml,%3Csvg%20xmlns=%22http://www.w3.org/2000/svg%22%20viewBox=%220%200%20300%2097%22%3E%3C/svg%3E)
First Myanmar Investment (FMI) ကုမ္ပဏီသည် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်များအား ရှယ်ယာတစ်ခုလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ရှယ်ယာအသစ် ၂,၅၀၀,၀၀၀ အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ဦးရာလူစနစ်ဖြင့် ခန့်မှန်းခြေ ရှယ်ယာရှင်အသစ် ၁,၁၅၀ ဦးအား ရှယ်ယာသစ်များအား ၂၀၁၄၊ ဇန်နဝါရီ ၂၂ ရက် တွင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအစုရှယ်ယာရှင်များအား ပုံမှန်ရှယ်ယာအသစ်စုစုပေါင်း ၂,၅၀၀,၀၀၀ အားအောင်မြင်စွာ ရောင်းချပေးမှုအပေါ် ဝယ်လိုအားမြင့်မားလာမှုကြော
င့် ဇန်နဝါရီလ (၉)ရက်နေ့တွင် အများပြည်သူ အတွက် ရှယ်ယာအသစ် ၂၅၀,၀၀၀ အားထံမံ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရပါသည်။ FMI ၏ ပုံမှန်ရှယ်ယာစုစုပေါင်း ၂,၇၅၀,၀၀၀ ရောင်းချမှု မှ ငွေကျပ်စုစုပေါင်း ၂၇၅၀၀,၀၀၀,၀၀၀ ရရှိခဲ့ရာ ရှယ်ယာထုတ်ရောင်းခြင်းမှ ရရှိလာသော ငွေကြေးအရင်းအနှီးများကို FMI ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ယာယီ အကျိုးတူ ပူးပေါင်းထားသည့် အဖွဲ့အစည်းတွင် ၅% မှ ၉% အတွင်း ပါဝင်ရင်းနှှီးမြုပ်နှံသွားမည်ြ
ဖစ်သော သီလဝါ အထူး စီးပွားရေးဇုန် အပါအဝင် ကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းများအား ငွေကြေးအထောက်အပံ့ပြုနိုင်ရန်
အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းနှင့် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတို့ရှိ လက်တလော ဆောင်ရွက်နေသည့် လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန်၊ လေကြောင်းပျံသန်းမှု ယာယီလက်မှတ်ရရှိထားသည့် FMI လေကြောင်းလိုင်းအား ပိုမိုကြီးထွားလာစေရေးဆောင်ရွက်
သွားရန်၊ ရန်ကုန်မြို့လည်ရှိ ၁၀ ဧက အကျယ်ရှိသော မြေနေရာတွင် ဟိုတယ် ၂ ခု၊ ရုံးအဆောက်အဦး ၂ ခု ၊ ရှော့ပင်းမောလ် တစ်ခု၊ service apartment တစ်ခုနှင့် အဆင့်မြင့်ကွန်ဒိုမီနီယံ တစ်ခုခုပါဝင်သည့် Meeyahta International Hotel Ltd. စီမံကိန်း စသတည်တို့တွင် ထပ်ဆောင်းရင်းနှီးမြုပ်နှံသွား
မည်ဖြစ်ကြောင်းနှင့် ယခုရှယ်ယာရောင်းချမှု မှရရှိလာသော အရင်းအနှီးများအား ကော်ပိုရိတ် ဘဏ္ဍာရေး ခိုင်မာတိုးတက်ရန်အတွက်နှင့် လက်ရှိ လုပ်ငန်းများအား တိုးချဲ့ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။