First Yangon LGBT Film Festival

LGBT 1 LGBT (Lesbian, Gay, Bisexual & Transgender) Film Festival ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို &PROUD မှ ကြီးမှူ းစီစဉ်တာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြင်သစ်ယဉ်ကျေးမှုဌာန (French Institute) မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကို Transgender Day of Remembrance နှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့တို့နဲ့ တစ်ချိန်တည်းကျရောက်ရန် ရည်ရွယ်ပြီး ဒီရက်တွေ့မှာ ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှမှ ရုပ်ရှင်များကို အဓိကထားပြသသွားမှာဖြစ်ပြီး တခြားအာရှနိုင်ငံများမှ ရုပ်ရှင်များလည်းပါဝင်မှာဖြစ်ကြောင်း၊ ရုပ်ရှင်တွေမှာ လိုအပ်သလို မြန်မာစာတန်းထိုးပြသမည်ဖြစ်ပြီး ပြသချိန်တစ်ခုနှစ်တစ်ခုအကြားတွင် ရုပ်ရှင်ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် ထုတ်လုပ်သူများမှ ဆွေးနွေးဟောပြောမှုများလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ ရုပ်ရှင်တချို့ကိုလည်း ဒီပွဲမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲကို စိတ်ဝင်စားသူတိုင်း ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။