Yoma Strategic က မြန်မာနိုင်ငံတွင်ပထမဆုံး KFC ဆိုင်ကို ရန်ကုန်မြို့လယ် အချက်အချာနေရာ၌ ဖွင့်လှစ်မည်

kfc KFC ၏ franchise partner ဖြစ်တဲ့ Yoma Strategic Holdings Ltd က မြန်မာနိုင်ငံတွင် ပထမဆုံး KFC ဆိုင်ကို ရန်ကုန်မြို့ရဲ့နာမည်ကျော် ဗိုလ်ချုပ်ဈေးနဲ့မျက်နှာချင်းဆိုင်ရှိ အမှတ် ၃၇၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်တွင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဆိုင်မှာ KFC ရဲ့ ကမ္ဘာကျော် ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုး အရောအစပ်ကို ခံစား စားသုံးနိုင်ရန် ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ "ရန်ကုန်မြို့လယ်အချက်အချာနေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးစားသောက်ဆိုင်မှာ KFC ရဲ့ နာမည်ကျော် Original Recipe Chicken ကို ဒီဧရိယာမှာနေထိုင်တဲ့ လူအမျိုးမျိုး ကို မိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။  KFC ကို  မြို့လယ်ခေါင်ရဲ့ ပျားပန်းခပ်မျှလှုပ်ရှားမှုတွေကနေ အနားရနိုင်မယ့်နေရာနဲ့ လူတွေ တွေ့ဆုံဆက်သွယ်ပြီး ရင်းနှီးမိတ်ဖွဲ့ကြတဲ့နေရာဖြစ်လာဖို့ ကျွန်တော် တို့ မျှော်မှန်းထားပါတယ်" လို့ Yoma Strategic ရဲ့ Head of Business Development ဖြစ်သူ JR Ching က ပြောနေပါတယ်။ Yum! Brands ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ KFC ဟာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီပွားရေးခြေကုပ်ရယူတဲ့ အမေရိကန် အမြန်အစားအစာ စားသောက်ဆိုင်လုပ်ငန်းကြီး ဖြစ်လာမှာဖြစ်ပါတယ်။ Yoma Strategic အနေနဲ့ ယခုနှစ်မကုန်ခင် ရန်ကုန်မှာ KFC ဆိုင်တွေ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး KFC စားသောက်ဆိုင်ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို နောက်လတွင် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။